အမေး(၃၇) ကိုကျော်သန်း (kokyawthan.maymyo@gmail.com)

အရှင်ဘုရား မေးလျှောက်ချင်ပါတယ် ခွင်ပြုပေးပါဘုရား အမှားပါလျှင်လည်း ခွင့်လွှတ်ပါ စာလုံးပေါင်းမှားခြင်းသည်းခံပေးပါဘုရား
တပည့်တော်မြင်ဘူးသောအရာ အကြွင်းမရှိ အမှန်တိုင်းသာသိရှိလိုပါတယ် တပည့်တော် တစ်ညမှာဝိပဿနာလုပ်ပါတယ် ခန္ဓာ အလွန်အကျွံ
 ဖောက်ပြန်တာတွေ့ရပါတယ် ဖွဲငွေ့ကိုမီးလောင်သလို ပျင်းရိငြီးငွေ့စွာ မြင်နေရပါတယ် ဝေဒနာတက်လာလေလေ မုန်းလာလေပါပဲ
ကြာကြာမုန်းလာတော့ ဆင်းရဲတာနောင်တစ်ဖန် မလိုချင်သည့်အချိန် ရုပ်ပျောက်ပြီး ငြိမ်းအေးနေတာ တစ်ခဏတွေ့လိုက်ရပါသည် တိကျစွာဖြေကြားပေးပါရန်
နောက်ထပ်လည်းမေးပါအုံးမယ်ဘုရား ဒါလေးကို အရင်ဖြေပေးစေလိုပါတယ်ဘုရား..

(၃၇) ကိုကျော်သန်း၏ မေးခွန်းကိုဖြေဆိုခြင်း
       တရားဆိုတာကိုယ့်ဟာကိုယ်အသိဆုံးဖြစ်ပါတယ်။ သူများကပြောရင် အထင်မျှသာဖြစ်ပါလိမ့်မယ်။