အမေး (၁၃) ဒေါက်တာရဲဝင်း (dr.yewin.82ygn@gmail.com)

အရှင်ဘုရား ......... တပည်.တော် သိချင်တာလေး မေးခွင့်ပြုပါ ဘုရား။
ဘ၀မှာ စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရရင် ဘယ်လို နှလုံးသွင်းပြီး ဆင်ခြင်ရမလဲ သိချင်ပါတယ် အရှင်ဘုရား။
(၁၃) ဒေါက်တာရဲဝင်း၏မေးခွန်းကိုဖြေဆိုခြင်း
စိတ်ညစ်စရာကြုံရရင် ဆက်မတွေးဘဲမေ့ပစ်လိုက်၊ စိတ်ချမ်းသာစရာကိုသာရှာတွေးပါ…ဒါကတစ်ခု၊ စိတ်ညစ်စရာ စိတ်ချမ်းသာစရာဆိုတာ
လောကသဘာဝ လောကဓံမျှသာဖြစ်သည်။ အကောင်းအဆိုး မည်သည့် အရာမျှမမြဲဟု နှလုံးသွင်းပါ…ဒါကတစ်ခု၊
လောကဓံမှန်သမျှ ကြံ့ကြံ့ခံနိုင်ရန် သမထကျင့်စဉ်၊ ၀ိပဿနာ ကျင့်စဉ်ကိုကျင့်ရမည်၊ သတိသမ္ပဇည လေ့ကျင့်နည်းကို မဟာသတိပဋ္ဌနသုတ်မှာ လာတဲ့အတိုင်းလေ့ကျင့်ပါ။ အကျိုးရှိပါလိမ့်မည်။