လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ‘ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ ပေါင်းချုပ်(ပထမတွဲ)’ စာအုပ်” ဓမ္မဒါန (ဓမ္မဒါန) အဖြစ်ထွက်ရှိသည်
ဓမ္မသဟာယသာသနစင်တာ၏ ဆယ်နှစ်ပြည့် ကျောင်းတိုက်နေ့အထိမ်းအမှတ် အဖြစ် စာမျက်နှာ (၃၇၇)ပါ ရှိသည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ ‘ဗုဒ္ဓဘာသာဆိုင်ရာ အမေးအဖြေများ ပေါင်းချုပ်(ပထမတွဲ)’ စာအုပ်” ဓမ္မဒါန (ဓမ္မဒါန) အဖြစ်ထွက်ရှိသည်။
(ဓမ္မသဘင်အဖွဲ့)
၁၆/၀၅/၂၀၂၂
🔹🔹🔹🔹🔹
စီစဉ်သူ၏ပန်ကြားလွှာ၌ ” အကြမ်းထည်စာမူများကို စီစစ်ပေးပါရန် ဆရာတော်ကြီးထံ ဆက်ကပ်စဉ်’ဒီစာအုပ်က အတော်အကျိုးများတယ်၊ လူကြီးလူငယ်မျိုးစုံက မေးထားတာဆိုတော့ အတွေးအခေါ် ပေါင်းစုံပဲ’ ဟုပင် ဆရာတော်ကြီးက မိန့်သည်ဟု ပါရှိသည်။
🔹🔹🔹
စာအုပ်တွင် ဆရာတော်ကြီး၏ ဩဝါဒဖြစ်သည့် မေးခွန်းတွေ မေးတယ်ဆိုတာ’ပညာသံဝတ္တနိကပဋိပဒါ’လို့ ခေါ်တယ်။’ဘဝမှာ ပညာကြီးခြင်း၏အကြောင်းက မေးခွန်းမေးတာပါ’။ခုခေတ်က ပညာဒါနဆိုပြီးတော့ ပညာအလှူ လှူတာဟာ ပညာကြီးခြင်း၏အကြောင်းလို့ ပြောကြတယ်။ဘုန်းကြီးတို့ စာပေထဲမှာပါတဲ့ပညာကြီးခြင်းရဲ့ အကြောင်းကတတ်ကျွမ်းနားလည်တဲ့ ပုဂ္ဂိုလ်တွေကို ဆည်းကပ်ပြီးတော့ ‘ဒါလေး ဘယ်လိုမှတ်ရမလဲ’၊ ‘ဒါက ဘယ်လိုနားလည်ရမလဲ’၊’ကုသိုလ်ဆိုတာ ဘာခေါ်သလဲ၊ အကုသိုလ်ဆိုတာ ဘာခေါ်သလဲ’ဒီလိုမေးခွန်းတွေ မေးတာသည်ပင်လျှင် ‘ပညာသံဝတ္တနိကပဋိပဒါ’ လို့ ပြောတယ်။
(ပါမောက္ခချုပ်ဆရာတော်)
🔹🔹🔹
အရှင်စန္ဒသိရီ(တာဝ) အင်တာနက်စာမျက်နှာမှတဆင့်ဖေါ်ပြချက် ဤစာအုပ်သည် စာမျက်နှာပေါင်း (၃၇၇)မျက်နှာဖြင့်
ခန့်ထည်စွာ ထုတ်ဝေထားသော စာအုပ်ဖြစ်၏။ အမေးအဖြေအခန်း(၁၀)ခန်းပါ ဝင်ပြီး အခန်းတိုင်းသည် မေးခွန်းအစုံ သုတအဖုံဖုံတို့ဖြင့် ပြည့်နှက်နေ၏။ ဗုဒ္ဓဘာသာတိုင်း ဖတ်မှတ်သင့်သော ဆောင်ထားသင့်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်၏။
သိသင့်သိထိုက် မှတ်သင့် မှတ်ထိုက် ကျင့်သင့်ကျင့်ထိုက်သော အသိစစ်အသိမှန်တို့ကို တစ်အုပ်တည်းဖြင့် များများစားစားရလိုက်မည့်စာအုပ်များဖြစ်၏။ ဆရာတော်၏ အဖွင့်စကားဖတ်ရရုံဖြင့် စာဖတ်သူကို ဓမ္မသုတများရစေမည့် စာအုပ်ဖြစ်၏။
- အခန်း(၁) တွင် ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)အား ဟောကြားအပ်သော ဩဝါဒများ၊
- အခန်း(၂) တွင် အပ္ပမာဒ မဂ္ဂဇင်း၏ ဖူးမျှော်လျှောက်ထားဓမ္မစကားများ၊
- အခန်း(၃)တွင် BBC ဦးနေဝင်း၏ အမေးကိုဖြေဆိုခြင်းများ၊
- အခန်း(၄)တွင် Online Website ဓမ္မအမေးအဖြေများ၊
- အခန်း(၅/၆/၇/၈)တို့တွင် CAE ကိုယ်ပိုင် အထက်တန်းကျောင်းသား/ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းအပိုင်း(၁/၂/၃/၄)
- အခန်း(၉)တွင် စင်္ကာပူနိုင်ငံ ဓမ္မဒေါင်းလုတ် မိသားစုများဓမ္မသဘင် အမေးအဖြေများ၊
- အခန်း(၁၀)တွင် ဓမ္မဗျူဟာသင်တန်းသားများ၏ မေးခွန်းများကို ဖြေဆိုခြင်းများဖြင့် စာအုပ်ကို (ပထမတွဲ)အဖြစ်
ဝေဝေဆာဆာ စီစဉ်ပူဇော်ထား၏။
စီစဉ်သူ၏ပန်ကြားလွှာ၌ ” အကြမ်းထည်စာမူများကို စီစစ်ပေးပါရန် ဆရာတော်ကြီးထံ ဆက်ကပ်စဉ်’ဒီစာအုပ်က အတော်အကျိုးများတယ်၊ လူကြီးလူငယ်မျိုးစုံက မေးထားတာဆိုတော့ အတွေးအခေါ် ပေါင်းစုံပဲ’ ဟုပင် ဆရာတော်ကြီးက မိန့်သည်ဟု ဆို၏။ စာအုပ်မထွက်သေးဘူးလားဟု ဆရာတော်ကြီးက မေးကြောင်းလည်း စီစဉ်ပူဇော်သူက မိမိအား ပြောပြ၏။ထို့ကြောင့် ဆရာတော်ကြီးကပင် ထွက်စေချင်သော စာအုပ်တစ်အုပ်ဖြစ်၍ စာကောင်းပေကောင်း ဟုတ်မဟုတ်ကိုကား မိမိအနေနှင့် အထူးတလည်ပြောစရာပင်လိုမည် မထင်ပါ၊ သို့သော်လည်း သတိမမူမိသူများ သတိမူမိပါတော့ဟူသော ဖတ်မှတ်စေချင်သော သမ္မာဆန္ဒဖြင့်သာ ညွှန်းဆိုခြင်းဖြစ်ပါသည်။
မေတ္တာဖြင့်
အရှင်စန္ဒသိရီ(တာဝ)
၁၆-၅-၂၀၂၂
စာအုပ်စီစဉ်ပူဇော်သူ အရှင်ဝီရိယာနန္ဒ (ဓမ္မသဟာယ)
Credit to အရှင်စန္ဒသိရီ(တာဝ) စာမျက်နှာမှတဆင့်ဖေါ်ပြအပ်ပါသည်။