လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရား ထူထောင်ထားရှိသည့် ဒေါက်တာနန္ဒာမာလာဘိဝံသ အနုဂ္ဂဟ အသင်း ရုံးခန်းများဖွင့်လှစ်
ပါမောက္ခချုပ်ဆရာတော်ဘုရား ထူထောင်ထားရှိသည့်
ဒေါက်တာနန္ဒာမာလာဘိဝံသ အနုဂ္ဂဟ အသင်း (Dr. Nandamalabhivamsa Annuggaha Society) ရန်ကုန် မြို့တွင်း ရုံးခန်း ၂၀/၀၇/၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ မှစတင်ဖွင့်လှစ်ကြောင်း ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ သိကြစေရန်အလို့ဌာ ကြေငြာအပ်သည်။
(အနုဂ္ဂဟ အဖွဲ့ )
ဒေါက်တာနန္ဒာမာလာဘိဝံသ အနုဂ္ဂဟ အသင်း (Dr. Nandamalabhivamsa Annuggaha Society) နှင့်စပ်လျဉ်း၍ ပါမောက္ခချုပ်ဆရာတော်ဘုရား မိန့်ကြားသည့် ဩဝါဒအားဖေါ်ပြအပ်ပါသည်။
အဆိုမကွဲပြားခြင်းသည် ကြီးပွါးတိုးတက်မှုရဲ့အကြောင်း အဖွဲ့အစည်းမှာပါဝင်တဲ့သူတွေဟာ ညီညွတ်ရမယ့်အပြင် မိတ်ဆွေစိတ်ထားရမည်။
ငါ့ဆန္ဒကိုဘေးဖယ်ထားမယ် သူ့ဆန္ဒအတိုင်းငါလုပ်မယ် ငါ့စကားကိုဘေးဖယ်ထားမယ် သူ့စကားအတိုင်းညီညွတ်အောင်လုပ်မယ်။ အချင်းချင်းကြားမှာ အဲလိုစိတ်ထားပြီးဆောင်ရွက်ပါ။
အတွေးအမြင် ကွဲပြားနိုင်သော်လည်း အဆို မကွဲပြားရ၊ ဘယ်သူ့ အဆိုပဲဖြစ်ဖြစ် အဖွဲ့အစည်းကို ကောင်းကျိုးပြုတယ်ဆိုရင် အများနဲ့လုပ်ပြီဆိုရင် လက်ခံနိုင်ရမယ်။
သူ့ဆန္ဒအတိုင်းငါ လိုက်လျောမယ် ငါသည်လည်း အများဆန္ဒအတိုင်းဖြစ်စေရမယ် လို့ အနုဂ္ဂဟ အသင်းကြီးအား ရှေ့ဆက် ဆောင်ရွက်ကြပါစို့ ဟု ပါမောက္ခချုပ်ဆရာတော်ကြီးမှ ဩဝါဒပေး မိန့်ကြားသည်။
ရံးခန်းလိပ်စာမှာ
ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း ရုံးခန်း (ယာယီ) နံနက်(၁၀:၀၀) နာရီမှ (၂း၀၀)နာရီအတွင်း၊(7/C)၊ မင်းရဲကျော်စွာလမ်း၊ စိန်ဂျွန်း City Mallအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။)
၁၆/၃/၂၀၂၂တွင် ကျင်းပပြုလုပ်ခဲ့သည့်ပါမောက္ခချုပ်ဆရာတော်ကြီး၏သက်တော် (၈၂) နှစ်ပြည့်မွေးနေ့ ဝိဇာတ အခမ်းအနားတွင် အနုဂ္ဂဟအသင်း စတင်တည်ထောင်ခြင်း၊ ပညာဘူမိ တက္ကသိုလ် တည်ထောင်ရခြင်း ရည်ရွယ်ချက်များ၊ တက္ကသိုလ်ကြီး ရေရှည် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်များ၊ စပ်လျဉ်း၍ ဆရာတော်ကြီး မိန့်ကြားသည့် ဩဝါဒ အကျဉ်းချုပ်အား ပြန်လည်ဖေါိပြအပ်ပါသည်။
အနုဂ္ဂဟ အသင်း (Annuggaha Society) ဆိုင်ရာ အဓိပ္ပါယ်နှင့်ရည်မှန်းချက်
အနုဂ္ဂဟ ဆိုသည်မှာ သာသနာကို ချီးမြှင့်ထောက်ပံ့တဲ့ပုဂ္ဂိုလ်တွေ၊ အထောက်အပံ့ ကူညီမည့် ပုဂ္ဂိုလ်တွေ ကိုဆိုလိုတာဖြစ်ကြောင်း၊ ကုသိုလ်ရှင်တွေနဲ့အတူ ရေရှည်တည်တံ့စေရန် ဆက်လက်ဆောင်ရွက်နိုင်ကြစေရန် အနုဂ္ဂဟ အသင်း (Provision Society) ကိုစတင်ဖွဲ့စည်းကြောင်း၊ အသင်းတွင်လည်း မည်သူမဆိုပါဝင်ဆောင်ရွက်နိုင်ပါကြောင်း Member အဖွဲ့ ဝင်များ အနေဖြင့် ပါဝင် ဆောင်ရွက်နိုင်ကြရန်ကိုလည်း အားလုံးကိုလည်းဖိတ်ခေါ်ကြောင်း မိန့်ကြားသည်။
အသင်းကြီးကတဆင့် ရရှိလာကြမည့် ကုသိုလ်တရားတွေကို ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်ကုသိုလ်တရားတွေ ရရှိကြစေရန်၊ ပညာဘူမိတက္ကသိုလ်ကို အခြေပြုပြီး ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ဓမ္မ အသိတွေကို အားလုံးရရှိစေရန် ဆောင်ရွက်ကြရမှာဖြစ်တယ်ဟု မိန့်ကြားသည်။
(အနုဂ္ဂဟ အသင်း)
(ဓမ္မသဘင်အဖွဲ့)
Credit: ကိုချမ်းမြေ့အောင်
၁၇/၀၇/၂၀၂၂