လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ ချီးမြှင့်သော ဩဝါဒအစီအစဉ် ၁၃၈၄-ခု တော်သလင်းလပြည့်ကျော် (၇)ရက်
🔹ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကျောင်းတိုက်ခွဲများသို့ ချီးမြှင့်သော ဩဝါဒအစီအစဉ် 🔹
၁၃၈၄-ခု တော်သလင်းလပြည့်ကျော် (၇)ရက်
၁၆/၀၉/၂၀၂၂
☸️ ဩဝါဒအနှစ်ချုပ် ☸️
▪️ ရှေးဦးစွာ ကျန်းမာရေး အထူးဂရုစိုက်ကြဖို့…
ကျေးဇူးတော်ရှင် အာရာမသမုဋ္ဌာပက ပဓာနနာယကဆရာတော်ဘုရားကြီး ချမှတ်ခဲ့သည့် စည်းကမ်းနည်းလမ်းများအတိုင်း လိုက်နာကြဖို့…
ကျောင်းတိုက်တွေ အားလုံး တူညီသောဥပဒေများ ချမှတ်ထားသောကြောင့် ထိုဥပဒေများအတိုင်း လိုက်နာနေထိုင်ကြဖို့…
▪️ ရဟန္တာမထေရ်မြတ်ကြီးများရဲ့ ကျင့်ကြံနည်းစနစ် လမ်းစဉ်ကို လိုက်နာကျင့်ကြံခြင်းဖြင့် လောကမှာ ရဟန္တာများ ဆိတ်သုဉ်းမသွားနိုင်ကြသလို
မိမိတို့ သင်ယူတတ်မြောက်ထားတဲ့ စာပေကျမ်းဂန် အသိပညာများကို တဖန်ပြန်လည် သင်ကြားပေးခြင်းဖြင့် စာသင်တိုက်တွေမှာ အရည်ချင်းရှိတဲ့ တပည့်တွေ စဉ်ဆက်မပျက် တည်ရှိနေမှာ ဖြစ်ကြောင်း…
▪️ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ အန္ဓကဝိန္ဒသုတ် ဒေသနာအရ
ရဟန်းတော်များကို အချက်(၅)ချက် ပြည့်စုံအောင် ဆောက်တည်စေရမယ် သက်ဝင်စေရမယ်။
၁။ သီလနဲ့ပြည့်စုံသူဖြစ်ရမယ်၊ ပါတိမောက္ခသံဝရသီလနဲ့ ပြည့်စုံသူဖြစ်ရမယ်။
ပါတိမောက္ခဆိုတာ အပါယ်ကျစေတတ်တဲ့ အကြောင်းတရားတွေကနေ လွတ်မြောက်စေတတ်တဲ့ တရားဖြစ်တယ်။
၂။ ဣြ္န္ဒိယ သံဝရသီလနဲ့ ပြည့်စုံသူဖြစ်ရမယ်။
မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဣန္ဒြေ၆-ပါးရဲ့ အဖြစ်အပျက်ကို သတိကပ်ပြီး ရှုမှတ်ပွားရမယ်။
၃။ စကားနည်းရမယ်။ စကားများခြင်းမှာ ပျော်မွေ့သူမဖြစ်စေရ။
၄။ အာရညိက-တောအရပ်မှာ ပျော်မွေ့သူဖြစ်ရမယ်။
၅။ မှန်ကန်သောအမြင်ရှိသူဖြစ်ရမယ်၊ မှန်ကန်သောအမြင်ဆိုတာ ကမ္မဿကတာ သမ္မဒိဋ္ဌိဉာဏ်, ဝိဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်များဖြစ်တယ်။
အန္ဓကဝိန္ဒသုတ်လာ အချက်များ သိရှိကာ လိုက်နာကျင့်ကြံနိုင်ကြပါစေကုန်သတည်း။
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ဩဝါဒ လိုရင်းအနှစ်ချုပ်ကိုသာ ထုတ်နုတ်ပူဇော်လိုက်ပါသည်။
ဩဝါဒခံယူကြသော ကျောင်းတိုက်များ
၁။ မဟာသုဗောဓာရုံကျောင်းတိုက် စစ်ကိုင်း
၂။ သာသနဇောတာရုံကျောင်းတိုက် မတ္တရာ
၃။ ဓမ္မသဟာယသာသနစင်တာ ပြင်ဦးလွင်
၄။ မဇ္ဈိမပဋိပဒါဓမ္မစင်တာ ပြင်ဦးလွင်
၅။ ဓမ္မဝိဟာရသုဗောဓာရုံ ပြင်ဦးလွင်
၆။ သဒ္ဓမ္မဇောတကသုဗောဓာရုံ မုံရွာ
၇။ဓမ္မဝိဇ္ဇာလယသုဗောဓာရုံ သန်လျင်
၈။ ဝဇိရာနန္ဒသုဗောဓာရုံ နေပြည်တော်
၉။ ဓမ္မဝိနယစင်တာ လှည်းကူး
၁၀။ သစ္စာနန္ဒဓမ္မစင်တာ ယက္ကန်းစင်
၁၁။ ဒက္ခိဏာရာမရွှေကျင်ပရိယတ္တိစာသင်တိုက် ကျောင်းကုန်း
နာယူရေးသားပူဇော်
အရှင်ဝီရိယာနန္ဒ (တိုက်အုပ်)
ဓမ္မသဟာယသာသနစင်တာ
အောင်ချမ်းသာ
16-9-2022
ဓာတ်ပုံမှတ်တမ်း
အရှင်ဝရဉာဏ (ဓမ္မသဟာယ)