ဆောင်းပါးများ
“အာဋာနာဋိယသုတ်အနှစ်ချုပ်” အမှတ်စဉ် (၁၇၉) အဖြစ် စာအုပ်ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဟောကြား ထားရှိသည့် ပရိတ်တရားဒေသနာများ ကိုစာအုပ်အဖြစ်ထွက်ရှိခဲ့ရာမှာ ပရိတ်ကြီး ၁၁ သုတ်တွင် နောက်ဆုံးကျန်ရှိနေသော”အာဋာနာဋိယသုတ်အနှစ်ချုပ်” အမှတ်စဉ် (၁၇၉) အဖြစ် စာအုပ်ထွက်ရှိသည်။
ယခုအခါ ဆရာတော်ဘုရား ဟောကြားထားသောပရိတ်ကြီး( ၁၁ )သုတ်စလုံးစာအုပ်အဖြစ်ထွက်ရှိလာပြီဖြစ်သည်။
ပရိတ် တရားတော်များကို အဓိပ္ပါယ် နှင့်တကွ နားလည်စေရန် ဘဝနေနည်းများ၊မှန်သော သစ္စာစကားများ၊လိုက်နာကျင့်ကြံ စရာ များ၊ ပွါးများစရာ ဘာဝနာ များ၊ စုံလင်စွာပါရှိသည်များကို မြန်မာလူမျိုးများ ပိုမိုနားလည် လာကြစေရန် ဖတ်ရှူ လိုက်နာကျင့်သုံးနေထိုင်နိုင်ကြရန်ဖြစ်ပါသည်။
မေတ္တသုတ်အနှစ်ချုပ်စာအုပ်တွင် မေတ္တသုတ်နဲ့ပက်သက်လာရင် ရွတ်ရုံသက်သက်မဟုတ်ဘူး၊ နာရမှာသက်သက်မဟုတ်ဘူး၊ မေတ္တသုတ်ကို နေ့စဉ်ရွတ်ဖတ်လို့ရှိရင် အန္တရယ်တွေကင်းတယ်၊ နာရင် အန္တရယ်တွေကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာပြဆိုထားတဲ့ စကားတစ်လုံးမှမပါဘူး၊
သို့သော်အများက အဲဒီအတိုင်းပဲ ယုံကြည်နေကြတယ်၊ မိုးကုတ်ဆရာတော်ကြီး ပြောတဲ့စကားနဲ့ ပြောရမယ်ဆိုလို့ရှိရင်
“တို့လူတွေက သောက်ဆေးကိုလိမ်းဆေးလုပ်နေကြတယ်”ပေါ့။
သောက်ရမှာကိုမသောက်ဘဲ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှုအားနည်းမှာပေါ့။
သောက်ရမည့်ဆေးက သောက်ကိုသောက်မှအကျိုးသက်ရောက်မှုဖြစ်မှာပေါ့၊ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာ တရားဖြစ်လို့ ပွါးများကြရမယ်” ဟု မေတ္တသုတ် အနှစ်ချုပ် စာအုပ် တွင် ပါရှိသည်။
(ဓမ္မသဘင် အဖွဲ့)
ဓာတ်ပုံ Transcript ကိုသူရိန်အောင်