လှုပ်ရှားမှု ပုံရိပ်များ
မြတ်စွာဘုရားက နတ်တွေ ကိုးကွယ်ပူဇော်တာကို ရှုံ့ချတာ မဟုတ်ဘူး၊ နတ်ပူဇော်တာကို အစွန်းရောက်တဲ့သူတွေက အပြစ်ပြောတာ မသင့်ဘူးပေါ့
မြတ်စွာဘုရားက နတ်တွေ ကိုးကွယ်ပူဇော်တာကို ရှုံ့ချတာ မဟုတ်ဘူး၊ နတ်ပူဇော်တာကို အစွန်းရောက်တဲ့သူတွေက အပြစ်ပြောတာ မသင့်ဘူးပေါ့၊
နတ်ကိုးကွယ်ခိုင်းတာ မဟုတ်ဘူး၊ ဒါပေမယ့် မပူဇော်ကောင်းဘူး လို့ ဘုန်းကြီးတွေက မဟောသင့်ဘူး၊ ကိုးကွယ်တာနဲ့ ပူဇော်တာ တခြားစီပဲလေ၊ ဒါကိုလည်း ကွဲကွဲပြားပြား သိဖို့လိုတယ်။ ဘယ်ဟာပဲဖြစ်ဖြစ် အစွန်းရောက်တာ မကောင်းဘူး။
ဒို့ ဓမ္မသဟာယ မှာ တောင်မှပဲ ညောင်ပင်အောက် နတ်နန်းဆောက်ပေးထားတာကို ဘုန်းကြီးက နတ်ကိုးကွယ်တယ်လို့ ထင်နေကြတာ၊ ဒါက ကိုးကွယ်တာ မဟုတ်ဘူး၊ သူတို့ဘုံဗိမာန်ကို မဖျက်ရဘူး၊ နဂိုရှိထားတဲ့ သူတို့ဘုံဗိမာန်ကို ပြန်ပြင်ပြီး လုပ်ပေးထားတာပဲရှိတယ်။
ကိုးကွယ်တာနဲ့ စောင့်ရှောက်တာနဲ့က တခြားစီပဲလေ၊ အဲဒါတွေ မကွဲရင် အလွဲလွဲ အမှားမှားတွေ ဖြစ်တတ်တယ်။
မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒေဝတာဗလိ ဆိုတာကို ဟောထားတယ်၊ အပရိဟာနိယတရားတွေထဲမှာလည်း ဒီလိုပဲ ဟောထားတာ ရှိတယ်။
နတ်စကားနားထောင် နတ်ဆိုင်းတွေတီးပြီး ပူဇော်နေတာဆိုရင်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်အရာဖြစ်ဖြစ် အစွန်းရောက်တာ မကောင်းဘူး။
အဲဒီလိုမဟုတ်ဘဲ
မေတ္တာပို့တာဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။
ကုသိုကောင်းမှုလုပ်ပြီး အမျှဝေတာဟာလည်း ပူဇော်တယ်လို့ ခေါ်တာပဲ။
ဒါကြောင့် လူတွေကလည်း ကုသိုလ်လုပ်ပြီး အမျှဝေကြတယ်၊ ဘုန်းကြီးတွေကလည်း တရားဟော ဘုရားရှိခိုးကြပြီး အမျှဝေကြတယ်၊ ဒါဟာ ပူဇော်တာပဲ။
ပူဇော်တယ်ဆိုတဲ့ အဓိပ္ပါယ်က –
ကိုယ့်အိမ် ဧည့်သည်လာလို့ ကော်ဖီလေးတစ်ခွက် တိုက်တာကအစ ပူဇော်တယ်လို့ ခေါ်ရတယ်။
ပေးတာ ကမ်းတာ လှူတာဒါန်းတာအကုန်လုံး ပူဇော်တယ်လို့ ခေါ်ရတယ်။
မေတ္တံ ကရောထ မာနုသိယာ ပဇာယ
လူတွေအပေါ်မှာ မေတ္တာထားကြပါလို့ နတ်တွေကို တိုက်တွန်းတာ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ
ဗလိ ဆိုတဲ့ လှူဖွယ်ပူဇော်ဖွယ်တွေကို လူတွေဟာ နတ်တွေဆီ နေ့ရောညဉ့်ပါ ပို့ဆောင်နေကြတယ်။
ငယ်ငယ်ကတော့ အိမ်မှာ နတ်တင်တာတွေ တွေ့ဖူးတယ်၊ နတ်တင်ရင် ကိုယ်က စားရတာဆိုတော့ ပျော်တာပေါ့၊ မုန့်ပဲ တင်တာများပါတယ်။
အဲတော့ ဘာပဲဖြစ်ဖြစ် လူတွေဟာ နတ်တွေကို ပူဇော်တာဟာ အပြစ်မဟုတ်ဘူးလို့ မှတ်ရမယ်။
တသ်မာ ဟိ နေ ရက်ခထ အပ်ပမတ်တာ
အဲဒီလို လူနဲ့နတ်ဟာ တစ်ဦးနဲ့တစ်ဦး မေတတာထားပြီး လူတွေက နတ်တွေကို ပူဇော်ဖွယ်တွေ ပေးကြတယ်၊ ဒါကြောင့် အဲဒီလူတွေကို မမေ့မလျော့ စောင့်ရှောက်ကြပါ.. လို့ ဆိုလိုတယ်။
မြတ်စွာဘုရားက ဘေးရန်အနတရာယ်တွေ ကျနေတဲ့အချိန်မှာ ရတနသုတ်ကို ဒီ၂-ဂါထာနဲ့ စပြီးတော့ ဟောတာ။
အဓိက ကတော့ အန္တရာယ်ကင်းဖို့ ဆောင်ရွက်တဲ့ နေရာမှာ မေတ္တာတရားနဲ့ သစ္စာတရားဟာ အဓိကထား ဟောတာ၊ သို့သော် ဓဇဂ္ဂသုတ်တွေမှာတော့ ဗုဒ္ဓါနုဿတိ ဓမမာနုဿတိ သံဃာနုဿတိဆိုတာလည်း ပါတာပေါ့၊ အဓိကတရားဟာ မေတ္တာတရားနဲ့ သစ္စာတရားပဲ။
အခု ရတနသုတ်မှာ ဘုရားဂုဏ် တရားဂုဏ် သံဃာ့ဂုဏ်ကို ပြောပြီးတော့ သစ္စာဆိုတဲ့နည်းနဲ့ ဟောထားတာဖြစ်တယ်။
ကိုယ်ရွတ်တဲ့အခါမှာ အဓိပ္ပါယ်တွေ နားလည်ပြီးတော့ ကိုယ့်စိတ်ကလည်း ပရိတ်တရားထဲ နှစ်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့ ပရိတ်တရားကို နှစ်နှစ်ခြိုက်ခြိုက် ရွတ်သင့်ပါတယ်။
အဲဒီလိုမဟုတ်ရင်တော့ ရွတ်လို့ပြီးသာ သွားတယ်၊ အဓိပ္ပါယ်လည်း မသိလိုက်ဘူးဆို မကောင်းဘူးပေါ့၊ ဘာကြောင့် ဒါရွတ်တယ်ဆိုတာကို အဓိပ္ပါယ်နားလည်ဖို့ လိုအပ်တယ်။
ဒါ့ကြောင့် ဒီအဓိပ္ပါယ်တွေကို ရှင်းရှင်းလေး နားလည်အောင်လုပ်ပြီး ပရိတ် ရွတ်တိုင်းရွတ်တိုင်း ခုလို နားလည်အောင် ဂရုစိုက်ပြီး ရွတ်သင့်တယ်ဆိုတာကို သဘောကျပြီး
အားလုံး ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း…။
ပါမောက္ခချုပ်ဆရာတော်ကြီး က မဟာသုဗောဓာရုံကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁၂၀၀-ရာကျော်တို့အား ၁/၁၀/၂၀၂၂ အဖိတ်နေ့ညချမ်းကာလတွင် ဆုံးမဩဝါဒမိန့်ကြားချက်
ဩဝါဒ အစမှအဆုံးအထိ ဆက်လက်လေ့လာရန် https://www.drnandamalabhivamsa.com.mm/activities/activity5/