လှုပ်ရှားမှု ပုံရိပ်များ
သာသနာဘောင် ဝင်လာပြီးနောက် ရှင်ရဟန်း ဖြစ်လာပြီဆိုရင် နံပါတ်တစ် အရေးကြီးဆုံးက ကိုယ်ကျင့်သီလ မပျက်ဖို့ပဲ
သာသနာဘောင် ဝင်လာပြီးနောက် ရှင်ရဟန်း ဖြစ်လာပြီဆိုရင် နံပါတ်တစ် အရေးကြီးဆုံးက ကိုယ်ကျင့်သီလ မပျက်ဖို့ပဲ။
နံပါတ်နှစ်က ဒဿနသမ္ပန္န၊ ရဟန်းသံဃာဆိုတာ မှန်ကန်တဲ့အမြင် ရှိဖို့လိုတယ်၊ ဒီကနေ့ခေတ်မှာ အမြင်မှားတဲ့အနေထားတွေလည်း မြင်တွေ့နေကြရတယ်၊ ဒါဟာ သတိထားစရာပဲ။
အတ္တနော ကမ္မကုဗ္ဗာနံ- ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ အဲဒါဟာ အင်မတန်မှ အရေးအကြီးဆုံးပဲ။
တို့တတွေ လုပ်ရမယ့်အလုပ်ဆိုတာ ပရိယတ်နဲ့ ပဋိပတ်ပဲဆိုတာ အားလုံးလည်း သိပြီးဖြစ်တယ်၊ သို့သော် သိသိကြီးနဲ့ပဲ မဟုတ်တဲ့အလုပ်တွေကို လုပ်နေကြတာဖြစ်တယ်၊ အဲဒီလို မဖြစ်ရအောင် ကိုယ့်ကိုယ်ကို-
ငါလုပ်နေတာဟာ ငါ့အလုပ် ဟုတ်ရဲ့လား?
ငါလုပ်ရမယ့်အလုပ် ဟုတ်ရဲ့လားဆိုတာကို အမြဲတမ်း ကိုယ့်ကိုယ်ကို ဆင်ခြင်စဉ်းစားနေရမယ်။။
တံ ဇနော ကုရုတေ ပိယံ- ဒီအချက်တွေနဲ့ ပြည့်စုံမှ လူတွေရဲ့ ချစ်ခင် ကြည်ညို လေးစားမှုကို ခံရမယ်၊ အဲလိုမှမဟုတ်ရင် အပြစ်တင်တာတွေ ရှုတ်ချတာတွေ ခံရမယ်ဆိုတာကို မှတ်သားလိုက်နာကြရမယ်။
ကိုယ်လုပ်တဲ့ သံဃာ့ကံဟာ ဓမ္မဝိနယနဲ့အညီ ဖြစ်နေရမယ်၊ လူကြီးဖြစ်လာပြီဆိုရင် ဒါတွေ သိရှိ နားလည်အောင် စာကြည့်ကြဖို့ လိုတယ်၊ အကြောင်းကိစ္စရှိမှ စာအုပ်ရှာဖတ်နေလို့ မရဘူး။
တချို့ ပဝါရဏာပြုတဲ့ ကိစ္စတွေ ရဟန်းခံတဲ့ကိစ္စတွေမှာ မှားမှားယွင်းယွင်း လုပ်နေကြတာတွေ ရှိကြတယ်၊ ဝိနည်းထဲမှာ မပါတဲ့ကိစ္စတွေ လုပ်နေတာတွေ ရှိနေကြတယ်၊ ဒီလိုကိစ္စတွေ ကိုယ့်အသိုင်းဝိုင်းထဲမှာ မဖြစ်ရအောင် ဂရုတစိုက် လုပ်ကြဖို့၊ စာများများဖတ်ကြဖို့ လိုတယ်။
ကိုယ်နဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေ သိရှိအောင် ကြိုးစားဖို့ ဆိုတာကို ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ အထူး ဩဝါဒအနေနဲ့ မှတ်သား နာယူကြစေလို ပါတယ်။
၈/၁၀/၂၀၂၂ ရက်နေ့ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒအစီအစဉ် ၁၃၈၄-ခု သီတင်းကျွတ်လဆန်း(၁၄)ရက် (6:30 PM)
အသေးစိတ် ဆက်လက်လေ့လာဖတ်ရှူရန် https://www.drnandamalabhivamsa.com.mm/activities/activity7/