လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော် ဆရာတော်ဘုရားကြီးတည်ထောင်ထားတော်မူသည့် ပညာဘူမိတက္ကသိုလ် ဆိုင်ရာ မှတ်တမ်းများ၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ ထူးခြားမှတ်တမ်းများနှင့်ဓာတ်ပုံမှတ်တမ်းများ
မြန်မာပြည်အနှံ့ တိုင်းနှင့်ပြည်နယ် များတွင် စာဖြေဌာန (၂၀) အထိ စာဖြေနေရာများထားရှိကာ တစ်ချိန်တည်း တစ်ပြိုင်တည်း ၁၇/၁၂/၂၀၂၂ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ပါမောက္ခချုပ်ဆရာတော် ဆရာတော်ဘုရားကြီးတည်ထောင်ထားတော်မူသည့် ပညာဘူမိတက္ကသိုလ် ဆိုင်ရာ မှတ်တမိးများ၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ ထူးခြားမှတ်တမ်းများနှင့်ဓာတ်ပုံမှတ်တမ်းများ
🔹🔹🔹
၁။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကိုယ်တိုင် နှစ်ပေါင်း ၂၀ ခန့်အထိ ရည်ရွယ်ထားရှိကာ Centre For Buddhist Studies (CBS)၊ Institute Of Dhamma Education (IDE) ဓမ္မသင်တန်း များစွာ ကို ပြည်တွင်းပြည်ပ များတွင် အကြိမ်များစွာ ပို့ချခဲ့ပြီး ဆောင်ရွက်ခဲ့ သည်များမှ ယခု ပညာဘူမိတက္ကသိုလ် အနေဖြင့် ပိုမိုကျယ်ပြန့်စွာ စတင်ကျင်းပသည့် စာမေးပွဲဖြစ်ခြင်း၊
၂။ မြန်မာပြည်အနှံ့ တိုင်းနှင့်ပြည်နယ် များတွင် စာဖြေဌာန (၂၀) အထိ စာဖြေဌာန များအဖြစ် တစ်ပြိုင်တည်း တစ်ချိန်တည်း ကျင်းပပြုလုပ်ခဲ့သည့် စာမေးပွဲဖြစ်ခြင်း
၃။ စာဖြေလိုသူများကိုယ်တိုင် Self Study ပြုလုပ်စေ၍ အလွတ်ကျက်မှတ်ခြင်းထက် မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏ စိတ်အစဉ်တွင် ဓမ္မအသိပညာများ ကိန်းအောင်း၍ လိုက်နာကျင့်သုံးနေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာနှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသာများရရှိစေရန်အတွက် Applied Methodများဖြင့် လေ့လာတတ်စေရန်၊ ဖတ်ရှုရမည့် စာအုပ်များကို သင်တန်းတက်ရောက်သူများ ကိုယ်တိုင် သဘောကျနှစ်ခြိုက်သည်အထိ နားလည်တက်မြောက်ကြစေရန် အဓိကထား လေ့လာရန် စီမံခဲ့ခြင်း၊
၄။ တက္ကသိုလ်စတင်သည့် နေ့တွင်ပင် တက္ကသိုလ်အနေဖြင့် ပါမောက္ခချုပ်ဆရာတော်ဘုရား ကိုယ်တိုင်ရေးသားပြုစုသည့်ကျမ်းစာအုပ်စံပြ ရေးသားပြစုခဲ့ခြင်း၊
၅။ မြန်မာပြည်အနှံ့ ရှိနေကြသည့် ပါဠိ ပိဋကတ် စာပေ ကျွမ်းကျင် နှံ့စပ်သည့် ပါဠိပါရဂူ ဆရာတော်များ ပင့်ဖိတ်၍ တက္ကသိုလ် အတွက်ကျမ်းစာများရေးသားပြုနေပြီး ပထမဆုံးတင်သွင်းသည့်ကျမ်းစာကိုဆရာတော်ဘုရားကြီးထံ ဆပ်ကပ်ပြီးဖြစ်ခြင်း၊
၆။ ဆရာမကြီးဒေါ်ခင်လှတင်ကိုယ်တိုင် ဝင်ရောက်၍ ဆရာတော်ဘုရားကြီးကိုတရားနှင့်ပူဇော်မည်ဆို၍ စာမေးပွဲ အထောက်အကူပြု သင်တန်းများပို့ချပေးခြင်း ကိုယ်တိုင် ဝင်ရောက် ဖြေဆိုပေးခြင်းဖြင့် ဦးဆောင်မှုပြပေးခြင်း
၇။သုတဓမ္မဒီပလိုမာစာမေးပွဲ ကို အသက် အငယ်ဆုံး အလယ်တန်းကျောင်းသားလေးမှ အသက် ၈၉ နှစ် အရွယ်အထိ အရွယ်မျိုးစုံ ဖြေဆိုကြခြင်း
၈။ ဖြေဆိုသူလူဉီးရေ ရာထောင် အထိ များပြားခြင်း
၉။ သုတဓမ္မဒီပလိုမာ စာမေးပွဲ interest group များတွင် သုတဓမ္မစာမေးပွဲမဖြေသော်ဖြစ်လည်း ဆရာတော်ကြီး အဆုံးအမ ကို ရယူသူ လေ့လာ သူ ဦးရေ အထူးများပြားခြင်း
၁၀။ ပြဌာန်းတရားတော်များကိုလည်း သေချာစွာလေ့လာနိုင်သည့်အတွက် ဘဝတွင် ဓမ္မနှင့်ပတ်သက်သည့် အသိထူး ဗဟုသုတများစွာ ဓမ္မ၏အနှစ်သာရများကို ရရှိစေခြင်း အစရှိသည့်ထူးခြားချက်များကို မှတ်တမ်းတင်အပ်ပါသည်။
ပညာဘူမိတက္ကသိုလ်
၁၈/၁၂/၂၀/၂၂