လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ အနီးကပ် တပည့် ဒကာကိုရဲလွင်စိုး အတွက် ဂုဏ်ပြုလက်ဆောင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး၏ အနီးကပ် တပည့် ကိုရဲလွင်စိုး (ဓမ္မသဘင်အဖွဲ့) ၏ ဧရာဝတီတိုင်း ဟင်္သတမြို့အနီးရှိ မွေးရပ်မြေပုဇွန်တောင်ကျေးရွာ ကို “ရပ်ကျေးသာသနာကို ရှေးမူမပျက်စေရန် ထိမ်းသိမ်းတည့်မတ်ရင်း ပံ့ပိုးပေးစေလိုကြောင်း” ဆရာတော်ကြီးမှ မိန့်မှာသည်ကို အကြောင်းပြု၍ ဒကာကိုရဲလွင်စိုး ကျေးရွာ၏ ဘာသာ သာသနာ ရပ်ရွာအကျိုး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်စွမ်းဆောင်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့်ဆရာတော်ကြီး မှ ဂုဏ်ပြုမေတ္တာကဗျာ အတိုလေးများရေးသားပေးပို့ရှိရာ ဆရာတော်ဘုရား ရေးသားပေးပို့သည့် ဂုဏ်ပြုမေတ္တာကဗျာ အတိုလေးများကို စုစည်းဖေါိပြအပ်ပါသည်။
ရဲသို့
အလှူရဲရဲ၊ ကျောင်းတင်ပွဲတဲ့၊
ဆင့်ကဲစေတနာ၊ ဖွေးဖြူစွာဖြင့်၊
မဟာထေရ၊ဒေသအကျော်၊
ဆရာတော်တို့၊ပင့်ခေါ်ကြွလာ၊
သာသနာရေး၊အားပေးကူညီ၊
ဤပွဲသည်ကား၊ ရွှေပြည်ဧရာ၊
မဟာဒေသ၊ဟင်္သာတနယ်၊
ကန်လယ်အပေါင်း၊ ပုဇွန်ချောင်းမှ၊
စုပေါင်းဆင်နွှဲ၊ ဒကာရဲ၏
ကျောင်းတင်ပွဲ။
ပုဇွန်ရွှေချောင်း၊ စုပေါင်းညီညာ၊
ကြည်သဒ္ဓါဖြင့်၊ မဟာကုသလ၊
ဗုဒ္ဓရုပ်ပွါး၊ လုပ်အားဖြင့် သယ်၊
ရေသပ္ပါယ်လို့၊
အန္တရာယ်ဟူသမျှ ၊ကင်းကြပါစေ၊
မေတ္တာဝေ၏၊
လယ်ကွင်းစိမ်းစို၊ ထန်းရိပ်ညိုနှင့်၊
ခုလိုဖြောင့်တန်း၊ကွန်ကရစ်လမ်းနှင့်၊
စခန်းတနေရာ၊ရှုခင်းသာဖို့၊
သဒ္ဓါဖြူဖွေး၊ ငါလှူပေးသည််၊
မြော်တွေးနိဗ္ဗူ၊ ရဖို့ကို…
ရွှေပုဇွန်ချောင်း၊အပေါင်းသဟာ၊
ဒို့ရပ်ရွာ၏၊ သာယာတင့်ဆန်း၊
ကျောင်းသင်ခမ်းနှင့်၊သင်္ကန်းရွှေဝါ၊
လွှမ်းမိုးလာမှ၊ ရပ်ရွာအေးချမ်း၊
ကုသိုလ်လွမ်းမည်၊ စခန်းနိဗ္ဗူ
တိုင်ဖို့ကို…
ရဲဒကာအတွက်
ဂုဏ်ပြုလက်ဆောင်(၆၊၂၊၂၃)