ဆောင်းပါးများ
ဗောဓိပက္ခိယတရား ကိုလေ့လာသုံးသပ်ခြင်း အမှတ်စဉ် (၁၈၃) အုပ်မြောက်စာအုပ်အဖြစ်ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားထားရှိသည့် ဗောဓိပက္ခိယတရား ကိုလေ့လာသုံးသပ်ခြင်း တရားဒေသနာတော် အပိုင်း (၁၅) ပိုင်း၊ စာမျက်နှာ (၃၃၆)မျက်နှာပါရှိသည့် အမှတ်စဉ် (၁၈၃) အုပ်မြောက်စာအုပ်အဖြစ်ထွက်ရှိသည်။
၂၀၁၁ ခုနှစ်မှစ၍ ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားထားရှိသည့် တရားဒေသနာများဖြစ်ပြီး အလွန် အရေးကြီးတဲ့ တရား တော်တွေဖြစ်တယ်၊ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကိုခေါ်တယ်၊ ဘုရားအဆုံးအမ သာသနာဆိုတာ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ပြောတာဖြစ်တယ်ဟု မိန့်တော်မူသည့် တရားဒေသနာလည်းဖြစ်သည်။
ဗောဓိပက္ခိယတရား (၃၇) ပါးထဲက တမျိုးမျိုးမှ မိမိတို့သန္တာန်မှာမတည်ဘူးဆိုရင် သာသနာတည်တယ်လို့မဆိုနိုင်ဘူး….ဒါကြောင့် ဒီတရားတွေကို သိအောင်လည်းလုပ်ရမယ်…နှလုံးသားထဲရောက်အောင်လည်းကျင့်ကြံကြရမှာဖြစ်တယ်ဟု ဆရာတော်ဘုရား ဩဝါဒ အနေဖြင့်ပါရှိသည်။
(ဓမ္မသဘင်အဖွဲ့)
ဓာတ်ပုံ ကိုသူရိန်အောင်