လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ် သုတဓမ္မဝေဒီ Master (M.A) မဟာဝိဇ္ဇာဘွဲ့ အတွက် သုတေသန ကျမ်းစာတင်သွင်းရန် ရေးသားပြုစုနေသူများ အနေဖြင့် တက္ကသိုလ် မော်ကွန်းထိန်း ထံသို့ မေးမြန်းလိုသည်များရှိပါက မေးမြန်းနိုင်ပါကြောင်း
ပညာဘူမိတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ အတွက် ကျမ်းစာရေးသားပြီးစီး၍ လာရောက် တင်သွင်းသူများအနက် အင်မတန် ထူခြား ကောင်းမွန်သည့် ကျမ်းစာများ ပါဝင်လာသည့် အတွက် ဆရာတော်ဘုရားကြီးမှ နှစ်ထောင်းအားရ စရာ ကောင်းလှသည်ဟုမိန့် တော်မူသည်။ မြန်မာ နိုင်ငံ သမိုင်းတလျှောက်လုံး တွင်ပင် မရှိခဲ့ဖူးသေးသည့် ကျမ်းစာများ ထွက်ပေါ်လာဖွယ်ရှိသည်ဟု ဆရာတော်ဘုရားကိုယ်တိုင် မိန့်ကြားတော်မူသဖြင့် ကျမ်းတင်သွင်းရန် ရေးသားနေသူများအဖို့ လုံ့လဝီရိယ အပြည့်ဖြင့် ဆက်လက်ရေးသားတင်သွင်းကြပါရန် တိုက်တွန်းအပ်ပါသည်။
🚀🚀🚀
ပညာဘူမိတက္ကသိုလ် သုတဓမ္မဝေဒီ Master (M.A) မဟာဝိဇ္ဇာဘွဲ့ အတွက် သုတေသန ကျမ်းစာတင်သွင်းရန် ရေးသားပြုစုနေသူများ အနေဖြင့် တက္ကသိုလ် မော်ကွန်းထိန်း ထံသို့ မေးမြန်းလိုသည်များရှိပါက မေးမြန်းနိုင်ပါကြောင်းကိုလည်း အကြောင်းကြားအပ်ပါသည်။
Link: https://admission.universitywisdomland.edu.mm/review
မဟာဝိဇ္ဇာဘွဲ့ အတွက် လျှောက်ထားသူအလိုက် မိမိတို့ကျရာ ကျမ်းခေါင်းစီးများက်ု ရေးသားပြီးစီးသည့် ကျမ်းပြု ပုဂ္ဂိုလ်များကလည်း ရေးသားပြုစုပြီးစီးသည့်ကျမ်းစာများကိုလည်း လာရောက်တင်သွင်းလျက်ရှိကြသည်။
အနုဂ္ဂဟရုံးအနေဖြင့် တင်သွင်းလာသည့်ကျမ်းစာများကို မော်ကွန်းထိန်း မှတဆင့် သဘာပတိ ဆရာတော်ကြီး ဆီအထိ အချိန်နဲ့တပြေးညီ ဆက်ကပ် ပေးလျှက်ရှိသည်။
အနုဂ္ဂဟ ရုံးအဖွဲ့