ဆောင်းပါးများ
ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားထားရှိသည့် “နိဗ္ဗာန်လမ်းပြတရား “ပါရာယနဒေသနာ” အမှတ်စဉ် (၁၃၃) အဖြစ် စာအုပ်ထွက်ရှိ
ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားထားရှိသည့် “နိဗ္ဗာန်လမ်းပြတရား” “ပါရာယနဒေသနာ” အမှတ်စဉ် (၁၃၃) အဖြစ် စာအုပ်ထွက်ရှိသည်။ ယခုစာအုပ်တွင် အပိုင်း (၉) ပိုင်း စာမျက်နှာ ၃၃၉ မျက််နှာ ပါရှိသည်။ ယခင်ထွက်ရှိပြီး ပါရာယန ဒေသနာ ကို ဆရာတော်ဘုရား ကိုယ်တော်တိုင် ထပ်မံ ပြုစု တည်းဖြတ်ထားသည့် တရားဒေသနာလည်းဖြစ်သည့် အပြင် ပညာဘူမိတက္ကသိုလ် B.A တန်း အတွက်ပြဌာန်းထားရှိသည့် ပြဌာန်းစာအုပ်လည်းဖြစ်သည်။
အဘိဓမ္မာလေ့လာမှုအားကောင်းသည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်ကိုလည်း ထပ်မံလေ့လာစရာကောင်းလှသည့် ကျမ်းစာများဖြစ်သည့် အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အတွက် လွန်စွာ အကျိုးရှိလှသည့် သုတ္တနိပါတော်လာ နောက်ဆုံး Chapter တစ်ခု ဖြစ်သည်။
ပုဂ္ဂိုလ် ၁၆ ဦး ရဲ့ မေးခွန်းပုစ္ဆာတွေ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်တွေကို စုပြီးဖေါ်ပြထားသည့် ပါရာယနဝဂ္ဂ ဖြစ်ပြီး ဂါထာပေါင်း ၁၇၄ ဂါထာ အထိပါဝင်သည်။
မေးခွန်း နံပါတ် (၁) အနေဖြင့် လောကကြီးက်ိုဘာက ပိတ်ဆို့ထားတာလဲ? လူတွေ အသိဉာဏ် မရအောင် ဘာတွေက ပိတ်ဆို့ထားတာလဲ
နံပါတ် ၂-အမေး လောကလူတွေ အရောင်မတောက်တာ ဘာကြောင့်လဲ? လူတွေဟာ လူ့ဘဝရောက်လာပြီးတော့ ဂုဏ်သတင်းကျော်ကြားတဲ့ပုဂ္ဂိုလ်နဲ့ မကျော်ကြားတဲ့ပုဂ္ဂိုလ် ကောင်းသတင်းကြွယ်တဲ့ ပုဂ္ဂိုလ် နဲ့ ကောင်းသတင်း မကြွယ်တဲ့ပုဂ္ဂိုလ် ဘယ်သူက များသလဲဆိုရင် မကြွယ်တဲ့ပုဂ္ဂိုလ်ကများတယ်၊ မထင်မရှား ဘဲ ဘဝတစ်ခုကို အဆုံးသတ်သွားကြတာ ဘာ့ကြောင့်လဲ?
အစရှိသည့်မေးခွန်းများ အပါအဝင် မေးခွန်းပေါင်းများစွာ ကို ဗုဒ္ဓမြတ်စွာ ဖြေဆိုထားရှိသည့် ပုစ္ဆာများ ကို ဆရာတော်ဘုရားကြီးမှ ဟောကြားထားရှိသည့် ပါရာယန ဒေသနာ တော်ဖြစ်သည်။
(ဓမ္မသဘင်အဖွဲ့)