လှုပ်ရှားမှု ပုံရိပ်များ
စစ်ကိုင်းမြို့ ကဉ္စာနာချောင် ဆရာကြီး အဖွား ဒေါ်ကဉ္စနာ၏ (သီလရှင်သိက္ခာတော် ၈၂ ဝါ၊ သက်တော် ၉၇ ခုနှစ် (၇)ရက်ပြည့် ရက်လည်ကုသိုလ်မှတ်တမ်းဓာတ်ပုံများ
စစ်ကိုင်းမြို့ ကဉ္စာနာချောင် ဆရာကြီး အဖွား ဒေါ်ကဉ္စနာ၏ (သီလရှင်သိက္ခာတော် ၈၂ ဝါ၊ သက်တော် ၉၇ ခုနှစ် (၇)ရက်ပြည့် ရက်လည်ကုသိုလ်မှတ်တမ်းဓာတ်ပုံများက်ုဖေါ်ပြအပ်ပါသည်။
(၇)ရက်ပြည့် ရည်စူးကုသိုလ်ပွဲ တွင်လာရောက်ကြသည့် ရဟန်းရှင်လူတို့ကို ပါမောက္ခချုပ်ဆရာတော်ကြီးမှ တရားဒေသနာများ ချီးမြှင့် ခြင်း အပါအဝင် “ဘဝနေဝင်ချိန် လေးစားမြတ်နိုးသူတို့၏ သံဝေဂနှင့် ဆုတောင်းမေတ္တာစကားများ” စာအုပ်နှင့် ဆရာကြီး ဒေါ်ကဉ္စနာ၏ နှစ် (၉၀) ဘဝရုပ်ပုံလွှာ စာအုပ်တို့ကို လက်ကမ်းစာအုပ်များအဖြစ် ရိုက်နှိပ် လှူဒါန်းမှုပြုခဲ့သည်။
စစ်ကိုင်းမြို့၊ ကဉ္စနာရာမချောင်ဆရာကြီး
အဖွား ဒေါ်ကဉ္စနာ သီလရှင်သိက္ခာ (၈၂)ဝါ၊ သက်တော် (၉၇) နှစ်၏လွန်တော်မူ (၇)ရက်ပြည့် ရည်စူးကုသိုလ်ပွဲ အခမ်းအနားကျင်းပရာတွင်
(၁) အထူးပင့်သံဃာ (၂၀)နှင့် သံဃာ (၃၆၀)ကျော်တို့အား သင်္ကန်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်း၊
(၂) သီီလရှင်ဆရာကြီး အပါး (၁၀၀) တို့အား ဒါတဗ္ဗဝတ္ထုနှင့် လှူဒါန်းဖွယ်ရာများ လှူဒါန်းခြင်း၊
(၃) ဆွမ်း,ခဲဖွယ် အစရှိသော အာဟာရများ ဆက်ကပ်လှူဒါန်းခြင်း၊
(၄) သီလများဆောက်တည်၍ ပရိတ်တော်,တရားတော်များကို နားယူမှတ်သားခြင်း၊
(၅) အဖွား ဒေါ်ကဉ္စနာနှင့် ဝေနေယျသတ္တဝါတို့အား ကုသိုလ်အမျှ ပေးဝေခြင်း
အစရှိသော ကုသိုလ်အစုစုကို ပါမောက္ခချုပ်ဆရာတော်ကြီး အမှူးပြုသော ဆွေတော်,မျိုးတော်များနှင့်
ကုသိုလ်ပြုဖက် ဒါယကာ,ဒါယိကာမတို့က အဖွား ဒေါ်ကဉ္စနာ အား ရည်စူး၍ ပြုလုပ်သည်။
(ဓမ္မသဘင်အဖွဲ့)