လှုပ်ရှားမှု ပုံရိပ်များ
၁၆/၁၂/၂၀၂၃ ရက်နေ့ ၁၇/၁၂/၂၀၂၃ ရက်နေ့ များတွင် ကျင်းပမည့် ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ Level အလိုက် စာမေးပွဲ အတွက်စာဖြေဌာန အသီးသီးမှ ပြင်ဆင်ပြီးစီး နေသည့် မှတ်တမ်းဓာတ်ပုံများ
စာဖြေသူ (၂၀၀၀၀) ဝန်းကျင်ခန့် ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြန်မာ နိုင်ငံအနှံ့အပြား တစ်ချိန်တည်း တစ်ပြိုင်တည်း စာဖြေ ဌာန (၄၁) ခုဖြင့် သုတဓမ္မ Level ၁ စာမေးပွဲကို ၁၆/၁၂/၂၀၂၃ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ နှင့် Level (၂) Level (၃)စာမေးပွဲများကို ၁၇/၁၂/၂၀၂၃ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ ကျင်းပမည်။
၁၆/၁၂/၂၀၂၃ ရက်နေ့ ၁၇/၁၂/၂၀၂၃ ရက်နေ့ များတွင် ကျင်းပမည့် ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာ Level အလိုက် စာမေးပွဲ အတွက်စာဖြေဌာန အသီးသီးမှ ပြင်ဆင်ပြီးစီး နေသည့် မှတ်တမ်းဓာတ်ပုံများ။
ပညာဘူမိတက္ကသိုလ် တက္ကသိုလ် သဘာပတိဆရာတော်ကြီး မိန့်ကြားတော်မူသည့် သင့်ဘဝ အလှပဆုံးဖြစ်ဖို့ အရေးကြီးဆုံးမှာဓမ္မအသိ ဘဝပညာဖြစ် ပါသည် ဆိုသည့် ဩဝါဒ အတိုင်း စာဖြေသူများအားလုံး လုံ့လဝီရိယ အပြည့်ဖြင့် ကြိုးစား ကြပါရန် တိုက်တွန်းအပ်ပါသည်။
(စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့)