လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ်သဘာပတိဆရာတော်ဘုရား ကိုယ်တော်တိုင် အသိအမှတ်ပြု ချီးကျူး တော်မူပြီး ပညာဘူမိတက္ကသိုလ် ၏ ပါဠိပါရဂူဘွဲ့များ အဖြစ် ဆပ်ကပ်နိုင်တော့မည့်ကျမ်းစာများ အကြောင်း
ပညာဘူမိတက္ကသိုလ်သဘာပတိဆရာတော်ဘုရား ကိုယ်တော်တိုင် အသိအမှတ်ပြု ချီးကျူး တော်မူပြီး ပညာဘူမိတက္ကသိုလ် ၏ ပါဠိပါရဂူဘွဲ့များ အဖြစ် ဆပ်ကပ်နိုင်တော့မည့်ကျမ်းစာများ အကြောင်း
✅မြန်မာပြည်တွင်ပထမဦးဆုံး ပေမူမှသည်ပုံနှိပ်မူသို့စတင်ရောက်ရှိလာအောင် ကျမ်းပြုမထေရ်ကြီးတစ်ပါးမှ (၂၃)နှစ်ကြာမျှ သုတ်သင်ပြုစုခဲ့ရသော “”သဒ္ဒသင်္ဂဟ “” အမည်ရသည့် ကျမ်းကြီးတစ်ဆူပေါ်ထွက်လာခဲ့ကြောင်း၊ စာမျက်နှာအားဖြင့်ထောင်ကျော်ရှိကာ ပြုစုသူမှာဝမ်းသာစွာဖြင့် ဘုန်းဘုန်းလက်တွင်း အပ်နှင်းပြီးဖြစ်ပါကြောင်း၊
✅မကြာမီတွင်လည်း စာချအကျော် ကျမ်းပြုဆရာတော်လေးတစ်ပါးမှ (၂)နှစ်(၃)နှစ်ကြာမျှ သုတ်သင်ပြုစုခဲ့ရသော “” နိရုတ္တိသာရ မဉ္ဇူသာဋီကာ”” အမည်စွာသည့်ကျမ်းကြီးတစ်ဆူပေါ်ထွက်လာပေဦးတော့မည်ဆိုသည်နှင့် စာမျက်နှာထောင်ကျော်ဖြစ်၍ သေချာကျနစွာ စီစစ်နေကြရကြောင်း ရေသားထားသည့် ကိုရဲလွင်စိုး (မန္တလေး) (ဓမ္မသဘင်အဖွဲ့) ၏ စာအားဖေါ်ပြအပ်ပါသည်။
✅✅✅✅
နေအိမ်ဘုရားခန်းအတွင်း နိစ္စဓူဝအလုပ်တစ်ခုလုပ်နေရင်းနှင့် ဖြစ်တော့သည် ။ နာယူနေကျ mp3 စက်ကလေးထံမှ ဘုန်းဘုန်းတရားသံသဲ့သဲ့နှင့် အာရုဏ်အစိုက်တို့ အခိုက်အတန့်တိုက်မိကြလေ၏ ။ “” သံဝေဂေါနာမ သဩတ္တပ္ပဉာဏံ “” ဟုရွတ်ဆိုပြလိုက်သော ဘုန်းဘုန်းအသံတော်မှာ မိမိရင်တွင်းသို့ထိစေပါသည် ။ ထပ်ခါထပ်ခါလည်း ငြိလို့နေပါတော့သည်…။
Mp3 စက်ကလေးထဲမှ “” သံဝေဂတရားနှင့်ယှဉ်သောဉာဏ် “” မင်းထံဝယ်ရှိနေပြီလား …?..ဟုအမေးခံလိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်မိပါ၏ ။ မကြာမီ အဟောင်း(2023)ကိုစွန့်ခွါလို့ အသစ်(2024)နဲ့လက်တွဲရှေ့ဆက်ရဦးတော့မည်..။
“” မိုးပြိုလည်းအများနဲ့ပဲ “”…ဟုစဉ်းစားကြတော့မည်လား..? ။ သို့မဟုတ် “”တစ်နေ့တစ်လံပုဂံဘယ်ပြေး “”..ဆိုသည့် အားမွေးစိတ်တွေနဲ့အများရေးတွေးရင်း ရှေ့ဆက်ကြမည်လား..?။ ဘာသာအမေးစုံကို အဖြေထုတ်ဖို့ခက်နေခိုက်ဖြစ်တော့သည်….။ ရုတ်တရက်တော့ အဖြေပေးနိူင်စွမ်းမရှိသေးပါ …။
သို့တိုင်လျှက် ဘုန်းဘုန်းထံပါးဆယ်စုနှစ်ကျော် (ဓမ္မသဘင်)နှင့် အလုပ်ကျွေးပြုသမျှ ကုသလသစ္စာတို့နှင့် တော်ရာမှာနေကြည့်လိုက်မှပင် နွမ်းစိတ်တို့အာသာပြေခဲ့ရပါသည် …။
ဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းရပ်တိုင်းတွင် လက်ညှိုးညွှန်လိုက်တိုင်း မိမိစွမ်းသလောက်ဆောင်ပေးနိူင်ခဲ့သည့် ကုသိုလ်များကိုဆင်ခြင်ရင်း ဘဝအမောတို့ပြေခဲ့ရပါသည်…။ “” မဟာဗြဟ္မမုနိ “” ကဲ့သို့ “”ဓာတုစေတီ “” များလည်းတည်ခဲ့ပြီးဖြစ်သည်။ ဆက်လက်တည်ထားရန်လည်း တိုင်ပင်ထားသည်များ ရှိပါသေး၏ ။
ရဟန်း ၊ ရှင် ၊ လူ ၊ ပြည်သူအများ သိကြားပြီးဖြစ်သည့် “” ပညာဘူမိ “” အမည်ရှိသောတက္ကသိုလ်ကြီးတွင်လည်း ဉာဏ်တော်(၂၇’) ပေ ၊ အမြင့်နေ၌ “”ဥဒ္ဒိဿစေတီ “” တည်ထားနိူင်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏တွေးခေါ်လမ်းညွှန်မှု ၊ ကုသိုလ်ရှင်တို့၏ပံ့ပိုးမှု ၊ မိမိတို့၏စွမ်းဆောင်မှု များပေါင်းစပ်ကာ ကောင်းမြတ်သောရလဒ်များပေါ်ထွန်းခဲ့ပါသည် ။
“” ဓမ္မစေတီ “” ကြီးများဆိုလျှင်လည်း တက္ကသိုလ်စတင်ဖွင့်လှစ်ကတည်းကပင် တစ်ဆူပြီးတစ်ဆူတည်ထားနိူင်ခဲ့ပါပြီ….။ ဆက်လက်၍လည်းဆရာတော်ဘုရားကြီး၏ညွှန်ကြားမှု ၊ တပည့်၏စည်းရုံးပံ့ပိုးမှုတို့ဖြင့် “”ပညာဘူမိတက္ကသိုလ် “” တွင်းဝယ် “”ဓမ္မစေတီကြီး”” များစွာတည်ထားကိုးကွယ်နိူင်ဦးပါတော့မည် ။
ယခုတွင်ကား မြန်မာပြည်တွင်ပထမဦးဆုံး ပေမူမှသည်ပုံနှိပ်မူသို့စတင်ရောက်ရှိလာအောင် ကျမ်းပြုမထေရ်ကြီးတစ်ပါးမှ (၂၃)နှစ်ကြာမျှ သုတ်သင်ပြုစုခဲ့ရသော “”သဒ္ဒသင်္ဂဟ “” အမည်ရသည့် ကျမ်းကြီးတစ်ဆူပေါ်ထွက်လာခဲ့ပါသည် ။ စာမျက်နှာအားဖြင့်ထောင်ကျော်ရှိကာ ပြုစုသူမှာဝမ်းသာစွာဖြင့် ဘုန်းဘုန်းလက်တွင်း အပ်နှင်းပြီးဖြစ်ပါသည် ။
မကြာမီတွင်လည်း စာချအကျော် ကျမ်းပြုဆရာတော်လေးတစ်ပါးမှ (၂)နှစ်(၃)နှစ်ကြာမျှ သုတ်သင်ပြုစုခဲ့ရသော “” နိရုတ္တိသာရ မဉ္ဇူသာဋီကာ”” အမည်စွာသည့်ကျမ်းကြီးတစ်ဆူပေါ်ထွက်လာပေဦးတော့မည် ။ စာမျက်နှာထောင်ကျော်ဖြစ်၍ သေချာကျနစွာ စီစစ်နေကြရပါသည် ။
“” ပညာဘူမိတက္ကသိုလ်””…တွင်း ထိုထို””ဓမ္မစေတီ”” များအလားတူ ကျမ်းမြတ်များပေါ်ထွန်းစေရေး၊ ဆက်လက်၍စွမ်းသလောက်ဆောင်မည်ဟု “သစ္စာ” ပြုပါသည် ။ “သစ္စာ”ထိုက်သောစကားကိုဆိုပါ၏ ။ ဤမှန်ကန်သော “သစ္စာစကား “ကြောင့်………..
တရားမျှတမှု
ညီညွှတ်မှု
ငြိမ်းချမ်းမှု…..စသည်တို့ဆုံးရှုံးလျှက်ရှိသော ၊ ဤလူသားတို့၏ကမ္ဘာ၌ ၊ မေတ္တာ ဂရုဏာ မုဒိတာ နှင့် ဥပေက္ခာ တရားများထားနိူင်ကြပါစေ…..။
ဗြဟ္မစိုရ်တရားများ ထွန်းကားကြပါစေ….သောဝ်…..။
သာသနာတော်စောင့်နတ်များ စောင့်ရှောက်ကြပါစေ…သောဝ်….။
Photo.. credit
ကိုရဲ
၁၃၈၅ခု ၊ နတ်တော်လပြည့်ကျော်(၄)ရက် ၊ တနင်္ဂနွေနေ့ ၊ (31. 12. 23) ၊ နေလည် (၁:၃၀)နာရီ