လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ် BA Part 1 မှ 3 အထိ ပြဌာန်း ထားရှိသည့် ပြဌာန်း ကျမ်းစာများအကြောင်း
ပညာဘူမိတက္ကသိုလ် BA Part 1 မှ 3 အထိ ပြဌာန်း ထားရှိသည့် ပြဌာန်း ကျမ်းစာများ၏ အရေးကြီးပုံ ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လေ့လာသင်ယူစရာကောင်းသည့် ကျမ်းစာများ ဖြစ်သည့်အားလျော်စွာ တက္ကသိုလ်သဘာပတိဆရာတော်ကြီး ကိုယ်တော်တိုင် တရားတော်များကို အပိုင်းများ အချိန်တစ်ခုအထိ အသုံးပြု ခွဲခြား၍ လူအများ အလွယ်တကူနားလည်နိုင်သည့် အထိ အရှင်းလင်းဆုံး ဟောကြားထားရှိသည့်ကျမ်းစာများဖြစ်သည်။
🌟မိလိန္ဒပဥှာကျမ်းဟာ မှတ်သားဖွယ်ရာ အချက်အလက်တွေနဲ့ ပြည့်နှက်ပြီး မေးခွန်းနဲ့ အဖြေတွေကို ဖော်ပြတာဖြစ်သောကြောင့် ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီကနေ့ခေတ် debate လုပ်တယ်ဆိုတဲ့ စကားရည်လုပွဲမျိုး မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ ပြုလုပ်ခဲ့ကြသည့် Part (1) “မိလိန္ဒပဉှာ”
“နိဗ္ဗာန်လမ်းပြတရား” ဖြစ်သည့် ပါရာယန ကျမ်းစာသည် အရေးကြီးကျမ်းစာတစ်ခုဖြစ်ပြီးပုဂ္ဂိုလ် ၁၆ ဦး ရဲ့ မေးခွန်းပုစ္ဆာတွေ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်တွေကို စုပြီးဖေါ်ပြထားသည့် ပါရာယနဝဂ္ဂ ဖြစ်ပြီး ဂါထာပေါင်း ၁၇၄ ဂါထာ အထိပါဝင်ပြီး အဘိဓမ္မာလေ့လာမှုအားကောင်းသည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်ကိုလည်း ထပ်မံလေ့လာစရာကောင်းလှသည့် ကျမ်းစာများဖြစ်သည့် အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အတွက် လွန်စွာ အကျိုးရှိလှသည့် သုတ္တနိပါတော်လာ ကျမ်းစာများဖြစ်သည့် Part (2) “ပါရာယနဒေသနာ”
🌟 ဗောဓိပက္ခိယတရား (၃၇) ပါး တရားဒေသနာသည်လည်းအလွန် အရေးကြီးတဲ့ တရား တော်တွေဖြစ်တယ်၊ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကိုခေါ်တယ်၊ ဘုရားအဆုံးအမ သာသနာဆိုတာ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ပြောတာဖြစ်တယ်ဟု မိန့်တော်မူသည့် တရားဒေသနာလည်းဖြစ်သည်။ဗောဓိပက္ခိယတရား (၃၇) ပါးထဲက တမျိုးမျိုးမှ မိမိတို့သန္တာန်မှာမတည်ဘူးဆိုရင် သာသနာတည်တယ်လို့မဆိုနိုင်ဘူး….ဟုမိန့်ကြားထားသည့် ကျမ်းစာများဖြစ်သည့် Part (3) ဗောဓိပက္ခိယတရား ကိုလေ့လာသုံးသပ်ခြင်း
Part (1) “မိလိန္ဒပဉှာ” မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ
🌿🌿🌿
ပါမောက္ခချုပ်ဆရာတော် ဘုရား ဟောကြားထားရှိသည့် “မိလိန္ဒပဉှာ” မိလိန္ဒမင်းနှင့် ရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက်များ အပိုင်း (၂၇) ပိုင်း စာမျက်နှာ (၅၀၃) မျက်နှာပါဝင်သည့် အမှတ်စဉ် (၁၈၄) ပါရှိသည့်ကျမ်းစာဖြစ်သည်။
မိလိန္ဒပဥှာကျမ်းဟာ မှတ်သားဖွယ်ရာ အချက်အလက်တွေနဲ့ ပြည့်နှက်ပြီး မေးခွန်းနဲ့ အဖြေတွေကို ဖော်ပြတာဖြစ်သောကြောင့် ဖတ်ရှု လေ့လာကြတဲ့ ပုဂ္ဂိုလ်တွေမှာ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်ဖြစ်ပေါ်လာနိုင်တယ်။ ပြောရမယ်ဆိုရင် ဒီကနေ့ခေတ် debate လုပ်တယ်ဆိုတဲ့ စကားရည်လုပွဲမျိုး မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ ပြုလုပ်ခဲ့ကြတယ်။
“အချေအတင်”ဆိုသည်မှာ တစ်ဖက်က အပြစ်တင်လိုက် တာကို တစ်ဖက်က ချေပပြောဆိုခြင်း ဖြစ်တယ်။ တစ်ဖက်က အပြစ်တင်တယ်၊ ထောက်ပြတယ်။ ဒီလို မဖြစ်သင့်ဘူးလား၊ ဘာကြောင့် ဒီလိုဆိုရတာလဲ ဆိုတဲ့ စောဒကတက်တာကို “အတင်”လို့ ခေါ်တယ်။ အဲဒီ ပြစ်တင်ပြောဆိုတဲ့ အချက်တွေကို တစ်ဖက်က အကြောင်းအကျိုးပြပြီး ပြန်လည်ချေပတာ၊ ဒီ “အတင်” ဆိုတဲ့စကားနဲ့ “ချေပတယ်” ဆိုတဲ့ စကားနှစ်ရပ်ကို ပေါင်းစပ်ပြီး အချေအတင်လို့ သုံးတာ။
မိလိန္ဒမင်းနဲ့ ရှင်နာဂသေနတို့ရဲ့ ခေတ် ဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၅၀၀) အလွန်မှာ ဖြစ်တယ်လို့ ဒီလိုမှတ်ရမယ်။ ဒီကနေ့ သာသနာတော်နှစ်ဟာ (၂၅၆၀) ပြည့် ဖြစ်သွားပြီ။ သာသနာတော်နှစ် ၅ဝဝ-ကျော်လောက်က ပေါ်ခဲ့တယ် ဆိုရင် ရှင်မဟာဗုဒ္ဓဃောသ ပေါ်လာတာထက် နှစ်(၅၀၀) စောတယ်လို့ ဆိုနိုင်တယ်။ ရှင်မဟာဗုဒ္ဓဃောသက သာသနာနှစ် (၁ဝဝဝ)မှ ပေါ်တာ ဖြစ်တယ်။ မိလိန္ဒမင်းကြီးဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၅၀၀)ကျော်မှာ ယောနကတိုင်း၊ သာဂလမြို့မှာ ထီးနန်းစိုးစံပြီး နေတယ်။ ယောနကမြို့ ဆိုတာ ဒီကနေ့ခေတ် ဗုဒ္ဓသာသနိက ပထဝီဝင်ကျမ်းနဲ့ တစ်ခြားကျမ်းတွေမှာ အမျိုးမျိုး ဖော်ပြကြတယ်။ သို့သော် အားလုံးလက်ခံ နိုင်တဲ့ ဖော်ပြချက်ကတော့ ယောနက ဆိုတာ တူရကီနိုင်ငံထဲမှာ ရှိတယ်လို့ ဒီလိုဆိုတယ်။ တူရကီနိုင်ငံ တည်ရှိရာဒေသကို ရှေးတုန်းက ယောနကလို့ ခေါ်တယ်။ မိလိန္ဒမင်းကြီးဟာ ယောနကတိုင်းနဲ့ မိုင်ပေါင်း ၁ဝဝဝ- ကျော်ဝေးတဲ့ ဂရိနိုင်ငံ Alexander ကျွန်းကလသိ ဆိုတဲ့ရွာမှာ မွေးဖွားခဲ့သူ ဖြစ်တယ်လို့ ဒီလိုဆိုတယ် ဟု ဆရာတော်ဘုရား ဟောကြားထားရှိသည်။
🌿🌿🌿🌿
Part (2) “ပါရာယနဒေသနာ”
ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားထားရှိသည့် “နိဗ္ဗာန်လမ်းပြတရား” “ပါရာယနဒေသနာ” အမှတ်စဉ် (၁၃၃) အဖြစ် စာအုပ်ထွက်ရှိသည်။ ယခုစာအုပ်တွင် အပိုင်း (၉) ပိုင်း စာမျက်နှာ ၃၃၉ မျက််နှာ ပါရှိသည့်ကျမ်းစာဖြစ်သည်။
ယခင်ထွက်ရှိပြီး ပါရာယန ဒေသနာ ကို ဆရာတော်ဘုရား ကိုယ်တော်တိုင် ထပ်မံ ပြုစု တည်းဖြတ်ထားသည့် တရားဒေသနာလည်းဖြစ်သည့် အပြင် ပညာဘူမိတက္ကသိုလ် B.A တန်း အတွက်ပြဌာန်းထားရှိသည့် ပြဌာန်းစာအုပ်လည်းဖြစ်သည်။
အဘိဓမ္မာလေ့လာမှုအားကောင်းသည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်ကိုလည်း ထပ်မံလေ့လာစရာကောင်းလှသည့် ကျမ်းစာများဖြစ်သည့် အပြင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း အတွက် လွန်စွာ အကျိုးရှိလှသည့် သုတ္တနိပါတော်လာ နောက်ဆုံး Chapter တစ်ခု ဖြစ်သည်။
ပုဂ္ဂိုလ် ၁၆ ဦး ရဲ့ မေးခွန်းပုစ္ဆာတွေ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်တွေကို စုပြီးဖေါ်ပြထားသည့် ပါရာယနဝဂ္ဂ ဖြစ်ပြီး ဂါထာပေါင်း ၁၇၄ ဂါထာ အထိပါဝင်သည်။
မေးခွန်း နံပါတ် (၁) အနေဖြင့် လောကကြီးက်ိုဘာက ပိတ်ဆို့ထားတာလဲ? လူတွေ အသိဉာဏ် မရအောင် ဘာတွေက ပိတ်ဆို့ထားတာလဲ
နံပါတ် ၂-အမေး လောကလူတွေ အရောင်မတောက်တာ ဘာကြောင့်လဲ? လူတွေဟာ လူ့ဘဝရောက်လာပြီးတော့ ဂုဏ်သတင်းကျော်ကြားတဲ့ပုဂ္ဂိုလ်နဲ့ မကျော်ကြားတဲ့ပုဂ္ဂိုလ် ကောင်းသတင်းကြွယ်တဲ့ ပုဂ္ဂိုလ် နဲ့ ကောင်းသတင်း မကြွယ်တဲ့ပုဂ္ဂိုလ် ဘယ်သူက များသလဲဆိုရင် မကြွယ်တဲ့ပုဂ္ဂိုလ်ကများတယ်၊ မထင်မရှား ဘဲ ဘဝတစ်ခုကို အဆုံးသတ်သွားကြတာ ဘာ့ကြောင့်လဲ?
အစရှိသည့်မေးခွန်းများ အပါအဝင် မေးခွန်းပေါင်းများစွာ ကို ဗုဒ္ဓမြတ်စွာ ဖြေဆိုထားရှိသည့် ပုစ္ဆာများ ကို ဆရာတော်ဘုရားကြီးမှ ဟောကြားထားရှိသည့် ပါရာယန ဒေသနာ တော်ဖြစ်သည်။
🌿🌿🌿
Part (3) ဗောဓိပက္ခိယတရား ကိုလေ့လာသုံးသပ်ခြင်း
ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားထားရှိသည့် ဗောဓိပက္ခိယတရား ကိုလေ့လာသုံးသပ်ခြင်း တရားဒေသနာတော် အပိုင်း (၁၅) ပိုင်း၊ စာမျက်နှာ (၃၃၆)မျက်နှာပါရှိသည့် အမှတ်စဉ် (၁၈၃) အုပ်မြောက်စာအုပ်အဖြစ်ထွက်ရှိထားသည်ကျမ်းစာတစ်စောင်ဖြစ်သည်။
၂၀၁၁ ခုနှစ်မှစ၍ ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားထားရှိသည့် တရားဒေသနာများဖြစ်ပြီး အလွန် အရေးကြီးတဲ့ တရား တော်တွေဖြစ်တယ်၊ သာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမကိုခေါ်တယ်၊ ဘုရားအဆုံးအမ သာသနာဆိုတာ ဗောဓိပက္ခိယ တရား (၃၇)ပါးကို ပြောတာဖြစ်တယ်ဟု မိန့်တော်မူသည့် တရားဒေသနာလည်းဖြစ်သည်။
ဗောဓိပက္ခိယတရား (၃၇) ပါးထဲက တမျိုးမျိုးမှ မိမိတို့သန္တာန်မှာမတည်ဘူးဆိုရင် သာသနာတည်တယ်လို့မဆိုနိုင်ဘူး….ဒါကြောင့် ဒီတရားတွေကို သိအောင်လည်းလုပ်ရမယ်…နှလုံးသားထဲရောက်အောင်လည်းကျင့်ကြံကြရမှာဖြစ်တယ်ဟု ဆရာတော်ဘုရား ဩဝါဒ အနေဖြင့်ပါရှိသည်။
အနုဂ္ဂဟအဖွဲ့
ပညာဘူမိတက်ကသိုလျ
၂/၁/၂၀၂၄