လှုပ်ရှားမှု ပုံရိပ်များ
အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် Online ဓမ္မစာလွှာများ အတွဲ (၂) စာအုပ်ထွက်ရှိ
၂၄/၀၃/၂၀၂၄ တပေါင်းလပြည့်နေ့ အချိန်အခါတွင် ရောက်ရှိလာတော့မည့် ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ် မြတ်ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် Online ဓမ္မစာလွှာများ အတွဲ (၂) စာအုပ်ထွက်ရှိသည်။
ပါမောက္ခချုပ်ဆရာတော် ဘုရား ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၁၂ ဇူလိုင်လ ၂၀၂၁ ရက် မှစတင်၍ ၂၇ မေလ ၂၀၂၃ ရက်နေ့အထိ Online မှတဆင့် နေ့စဉ် နေ့တိုင်း ရေးသား ပေးပ်ု့ထားရှိသည့် Online ဓမ္မစာလွှာများ အတွဲ (၂) စာအုပ် အမှတ်စဉ် (၁၈၇) အဖြစ် ထွက်ရှိသည်။
ခက်ခဲနက်နဲလှသည့် ဗုဒ္ဓတရားတော်များကို မြန်မာလူမျိုးများ လွယ်လင့်တကူ ဖတ်ရှူလေ့လာနိုင်စေရန် တစ်မျက်နှာ စာတိုလေးများဖြင့် ဖတ်ရ မှတ်ရ နားလည်လွယ်အောင် ဆရာတော်ဘုရားကြီးမှ ရက်ပေါင်း ၆၇၀ ကျော် ရေးသားပေးပို့ထားရှိသည့် ဓမ္မစာလွှာများကိုစုပေါင်းထားရှိသည့်စာအုပ်ဖြစ်သည်။
ဤစာအုပ်တွင် စာမျက်နှာ ၂၀၀ ကျော်ပါရှိပြီး Food For Thought များ၊ မြတ်ဗုဒ္ဓ၏ ကမ္မဝါဒများ၊ For Today ခေါင်းစဉ်ဖြင့် ဟောကြားထားသည်များ၊ ယနေ့အတွက်မှတ်စရာ ခေါင်းစဉ်ဖြင့် အဆုံးအမများ၊ Do or Don’t ခေါင်းစဉ်ဖြင့် ဩဝါဒများ၊ Understanding ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ဩဝါဒများ၊ Pali With A Smile ခေါင်းစဉ်ဖြင့် ပေးပို့သည့် သင်ခန်းစာများ၊ ဆုတောင်းစကားများ၊ အခြား အထွေအထွေ အဆုံးအမများ ပါရှိသည့် Online ဓမ္မစာလွှာများ အတွဲ (၂) စာအုပ် အမှတ်စဉ် (၁၈၇) အဖြစ် ထွက်ရှိသည်။
( အနုဂ္ဂဟအဖွဲ့ )