လှုပ်ရှားမှု ပုံရိပ်များ
၁၃၈၆ခု၊ ( သင်္ကြန်အတက်နေ့) ၌ ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားသည့် အနုမောဒနာ ဩဝါဒကထာ
၁၃၈၆ခု၊ ( သင်္ကြန်အတက်နေ့) ၌ ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားသည့် အနုမောဒနာ ဩဝါဒကထာ အား အရှင်ဘာသုရ ( မတ္တရာသူဌေးကျောင်း)
ကြည်ညိုပူဇော်ရေးသားထားသည်ကို ဖေါ်ပြအပ်ပါသည်။
🔷🔷🔷
ဒီနေ့ မြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်အတွက်
အထောက်အကူအဖြစ် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက်က လာရောက်လှူဒါန်းတာဖြစ်တယ်။
လူတွေရဲ့ မြင့်မြတ်မှုဟာစိတ်ဓာတ်ပေါ်မှာ မူတည်တယ်။
မြင့်မြတ်သူဆိုတာ စိတ်ထားမြင့်သူကိုခေါ်တာ ၊ ရာထူး ဂုဏ် ချမ်းသာမှုနဲ့မဆိုင်ဘူး။
မြင့်မြတ်တဲ့ ဗြဟ္မဝိဟာရတရား(၄)ပါးနဲ့ နေနိုင်မှ မြင့်မြတ်သူဖြစ်တယ်။
( မတ်ေတာ )
🔸ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်လိုအဆင့်အတန်းပဲဖြစ်ဖြစ် ကိုယ့်ရန်သူဖြစ်စေ ကိုယ့်ရဲ့မြင့်မြတ်မှုကို မေတ္တာတရားနဲ့ ဖေါ်ထုတ်ရမှာဖြစ်တယ်။
( ကရုဏာ )
🔸ဒုက္ခရောက်ပြီ, ကိုးကွယ်ရာမဲ့ဆင်ရဲဒုက္ခကြုံနေပြီ ထိခိုက်နစ်နာမှု ဆုံးရှုံးမှု ဝမ်းနည်းကြေကွဲမှု့ကြုံနေတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေအပေါ်မှာ သူတို့ရဲ့ဆင်းရဲဒုက္ခကို စာနာထောက်ထားမှုကူညီမှု ကရုဏာဖြစ်ကြရမယ်။
( မုဒိတာ )
🔸များသောအားဖြင့် လူတွေက ကရုဏာထားနိုင်ကြပေမယ့် ကိုယ့်ထက်သာ မနာလို ဆိုတဲ့စကားတိုင်းမုဒိတာ မထားနိုင်ကြဘူး။ မုဒိတာဆိုတာကလဲ လွယ်တဲ့တရားမဟုတ်ဘူး။အောင်မြင်နေတဲ့ပုဂ္ဂိုလ်, ပျော်ရွှင်နေတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက် ဝမ်းသာမုဒိတာ ထားနိုင်ရမယ်။
( ဥပေက္ခာ )
🔸ဥပေက္ခာဆိုတာ ဘာမှ မျှော်လင့်ချက် မထား
ဘူး ချစ်ခြင်း မုန်းခြင်း ခွဲခြားခြင်းမရှိ မျှတ တဲ့ စိတ်နဲ့ ကြည့်နိုင်တာ ဥပေက္ခာ ပဲ။
🔸အားလုံးပေါ်မှာ ဆင်းရဲဒုက္ခမရောက်ကြပါစေနဲ့ မေတ္တာထားရမယ်။
🔸ကံမကောင်း အကြောင်းမလှလို့ ထိခိုက် နစ်နာသွားကြတဲ့ ပုဂ္ဂိုလ်တွေကိုဝိုင်းဝန်းဖေးမ, ကူညီကြတဲ့ ကရုဏာထားရမယ်။
🔸ငလျင်ဘေးဒုက္ခမှ လွတ်မြောက်သူမိသားစုဘဝ ပျှော်ရွှင်နေကြရတဲ့ ပုဂ္ဂိုလ်ကိုလဲ ဒီလို ပျော်ရွှင်မှုတွေ ရေရှည်ကြာစွာတည်ကြပါစေလို့ မုဒိတာပွါးရမယ်။
🔸 ဒုက္ခရောက်သူရော ချမ်းသာသူရော ရံဖန်ရံခါ သဗ္ဗေ သတ္တာ ကမ္မဿကာ – သတ္တဝါတွေဆိုတာ သူကံနဲ့သူ ဖြစ်လာကြတာပဲဆိုတဲ့ ဥပေက္ခာနဲ့ စိတ်ကို တည်ငြိမ်စွာ နေဖို့လဲ လိုတယ် ။
ဒီချိန်မှာ မေတ္တာ, ကရုဏာ, မုဒိတာ,ဥပေက္ခာဆိုတဲ့ ဗြဟ္မဝိဟာရတရား ၄ ပါးနဲ့ နေထိုင်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်။
လောကမှာ အကောင်းဆုံး မြင့်မြတ်တဲ့လုပ်ငန်းဆိုတဲ့ ပါရမီကိစ္စဟာ ဒီလေးမျိုးပေါ်မှာပဲ အခြေခံတာဖြစ်ပါတယ်။
ဘုရားလောင်းတွေဟာ မေတ္တာရှိလို့
ကရုဏာထားလို့ မုဒိတာပွါးနိုင်လို့
ဥပေက္ခာထားနိုင်လို့ ပါရမီတွေကို ဖြည့်
နိုင်တာဖြစ်ပါတယ်။
ပါရမီ ဆယ်ပါးထဲမှာ မေတ္တာနဲ့ ဥပေက္ခာကို ပါရမီမှာ ဖေါ်ပြပြီး ။ကရုဏာနဲ့ မုဒိတာ ကိုတော့ ပါရမီ ဆယ်ပါးအနေနဲ့ ဖေါ်ပြတာ မရှိဘူး။
ဘာဖြစ်လိုတုံးလို့ စဉ်းစားကြည့်မယ် ဆိုရင် မေတ္တာရှိရင် ကရုဏာ မုဒိတာ ဖြစ်ဖို့ မခဲရင်းဘူး။
ဥပမာ ကိုယ်မေတ္တာရှိတဲ့ ကိုယ့်ရဲ့သားသမီး ဒုက္ခရောက်တဲ့အချိန် မိဘတွေရင်ထဲမှာ အကြင်နာတရား ကရုဏာဖြစ်ပေါ်လာတယ်။
ကိုယ့်သား သမီးကြီးပွါးတိုးတက်လာရင်လဲ မုဒိတာ တရားဖြစ်လာတာပဲ။
အဲတော့ မေတ္တာရှိရင် ကရုဏာနဲ့ မုဒိတာ က အခါအားလျှော်စွာ ဖြစ်လာနိုင်တယ်။
သို့သော်လည်း….
မြတ်စွာဘုရားရထားတဲ့ ဂုဏ်တွေဟူသမျ ” ကရုဏာနိဒါနာ ဟိ သဗ္ဗေပိ ဗုဒ္ဓဂုဏာ “- မြတ်စွာဘုရားရထားတဲ့ ဂုဏ်တွေအားလုံးဟာ ကရုဏာတရားပေါ်မှာ အခြေခံတယ်။
တလောကလုံးကို မြတ်စွာဘုရားကကြည်လိုက်လို့ရှိရင် အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ ဆင်းရဲဒုက္ခက လွတ်တဲ့ပုဂ္ဂိုလ် တစ်ယောက်မှ မရှိဘူးဆိုတော့ ကရုဏာပွါးတာပဲဖြစ်တယ်။
သေခြာစဉ်းစားကြည့်ရင် အဆင်ပြေတဲ့ပုဂ္ဂိုလ်ရော အဆင်မပြေတဲ့ပုဂ္ဂိုလ်ရော
ချမ်းသာတဲ့ပုဂ္ဂိုလ်ရော ဆင်းရဲတဲ့ပုဂ္ဂိုလ်ရော အားလုံးဟာ တခဏပဲဖြစ်တယ်။
ဒါကြောင့်မို့ အားလုံးကို ချုံကြည့်လိုက်မယ်ဆိုရင် သနားရမည့်ပုဂ္ဂိုလ်တွေချည်းဖြစ်လို့ ဗုဒ္ဓအနေနဲ့ ကြည့်ရင် ကရုဏာဖြစ်တယ်။
🔸မတျတောနဲ့ ဥပကျခော 🔸
မေတ္တာအခြေခံ လုပ်တာဖြစ်ပေမယ့်၊ ဥပေက္ခာလဲ ထားရှိရမယ်။ မျှော်လင့်ချက်တစ်ခုမှ မထားရဘူး။ကိုယ်အလုပ်နဲ့ ပတ်သက်ပြီး တစ်ဖက်သားပေါ်မှာ ဘာကိုမှ မမျှော်လင့်ရဘူး။
သူ့ကို ငါကူညီခဲ့တယ်၊ ငါ့ကျ မကူညီဘူးဆိုပြီး စိတ်ကွတ်တတ်တယ်။
အဲဒီစိတ်ဓာတ်မျိုးမဖြစ်အောင် နေရမယ် အဲဒါဥပေက္ခာပါရမီလို့ခေါ်တယ်။
ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သတ်ပြီး တဖက်သားရဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားက အစ ဘာကိုမှ မမျှော်လင့်နဲ့
ကူညီဖို့ သက်သက် သူ့အတွက် လုပ်ပေးတာသက်သက်ပဲဆိုတဲ့ စိတ်ပိုင်းဖြတ်နိုင်ရမယ်။ အဲဒါမှ တကယ့် မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
မေတ္တာနဲ့ ဥပေက္ခာ အပြန်အလှန် ထိမ်းကြောင်းရမယ်။
ဥပေက္ခာနဲ့ မထိမ်းကြောင်းရင် မေတ္တာက ပြန်ပြီး ပျက်စီးသွားတတ်တယ်။
ဒါကြောင့် ပါရမီ ဆယ်ပါးထဲမှာ မေတ္တာပါရမီ ဥပေက္ခာပါရမီ ဒီနှစ်ခုကို အဓိက ထည့်ထားတာဖြစ်တယ်။
ဆင်ရဲဒုက္ခမှ လွတ်ပါစေ အထောက်အကူဖြစ်ပါစေ ဆိုတဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ လာရောက်ပြီး အားပေး နှစ်သိမ့်တဲ့ အနေနဲ့ ကုသိုလ်ကောင်းမှုလာလုပ်ကြတယ် ဝမ်းမြှောက်ဝမ်းသာ ကြိုဆိုလက်ခံကြရမှာဖြစ်ပါတယ်။
အေးအတူ ပူအမျှ လက်တွဲပြီး ဗုဒ္ဓရဲ့ အဆုံးအမအောက်မှာ ငြိမ်းချမ်းစွာတရားဓမ္မကို နှလုံးသွင်းနိုင်ဖို့ကြိုစားအားထုတ်ကြရမှာဖြစ်တယ် ။
ဒါကြောင်မို့ ဒီကနေ့ မေတ္တာပို့တဲ့အနေနဲ့
လိုက်ဆိုကြရအောင်….
ဒုက်ခပတ်တာ စ နိဒုက်ခာ၊
ဘယပတ်တာ စ နိဗ်ဘယာ။
သောကာပတ္တာ စ နိဿောကာ၊
ဟောန္တု သဗ္ဗေပိ ပါဏိနော။
သာဓု သာဓု သာဓု
————-🙏🙏🙏————
အရှင်ဘာသုရ ( မတ္တရာသူဌေးကျောင်း)
ကြည်ညိုပူဇော်ပါသည်။
၁၃၈၆ – ခုနှစ်၊နှောင်းတန်ခူးလပြည့်ကျော်(၄)ရက် ၂၀၂၅ခုနှစ်၊ဧပြီလ (၁၆)ရက် ဗုဒ္ဓဟူးနေ့(နံနက်ခင်း )
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ကျွန်းကျောင်းတော်ကြီးအတွင်းဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ထိုင်းနိုင်ငံ ဓမ္မကာယကျောင်းတိုက် ဦးစီးပဓာနနာယက လုံဖောဓမ္မဇေယျာ၏သက်တော်(၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ကာလဒါနပစ္စည်းလေးပါးလှူဒါန်းခြင်းမင်္ဂလာအခမ်းအနားတွင် ဟောကြားတော်မူသောအနုမောဒနာနှင့်ဩဝါဒတရားမှာ ကောက်နုတ်ပူဇော်ပါသည်။



