ထေရုပ္ပတ္တိ
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယမြောက် ပါမောက္ခချုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) တို့၏ ပါမောက္ခချုပ် ဆရာတော် ဖြစ်သည်။ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်သည်။ အရှင်မြတ်သည် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။
ဆရာတော်ကြီး၏ သြဝါဒ
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်၊ ဘဝ တန်ဘိုးအားမာန်ကိုး၍၊
အတိတ်ဆိုတာ ပြန်မလာဘူး၊ အနာဂတ်ဆိုတာ မသေချာဘူး၊
ပညာ၊ လုံ့လ အသုံးချလျှက်၊ မြတ်နိုးကြည်ဖြူ အရ ယူလော့။
စနေနေ့တွင် မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ၊ ခမည်းတော် ဦးစံလှ + မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
အသက် ၅ နှစ်သားအရွယ် စဉ့်ကူးမြို့နယ် ညောင်ပင်ရွာ ပေါ်တော်မူ ကျောင်း ဆရာတော် ဦးကေလာသ (ဦးလေးဘုန်းကြီး) ထံတွင် မြန်မာစာနှင့် ဗုဒ္ဓစာပေများကို စတင် သင်ကြားခဲ့သည်။
အသက် ၁၀ နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး ဝိပဿနာဂန္ဓာရုံချောင်၌ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော် ဘုရားကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
အသက် ၁၃ နှစ်တွင် အဘိဓမ္မာစာမေးပွဲ ၃ ဆင့် စတင်အောင်မြင်ခဲ့သည်။
အသက် ၁၆ နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူး ၂ ကျမ်းနှင့်တကွ အောင်မြင်၍ သာသနဓဇ သိရီပဝရဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရရှိခဲ့သည်။
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ကို နောင်တော်များနှင့် အတူ တည်ထောင်သည်။ မဟာသုဗောဓာရုံကျောင်းတိုက်၌ ပဓာနစာချ၊ တိုက်ကြပ်၊ တိုက်အုပ် အဆင့်ဆင့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။
နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ် ပြု၍ မဟာသုဗောဓာရုံကျောင်းတိုက် သာသနမဉ္ဇရီသိမ်၌ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။
ရန်ကုန် စေတိယင်္ဂဏ အဘိဝံသဘွဲ့ကို ရရှိသည်။
သာသနဓဇဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့သည်။
မန္တလေး သကျသီဟ အဘိဝံသဘွဲ့ကို ရရှိခဲ့သည်။
ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိမြန်မာ ကျမ်းပြု အဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘန္တဒ္ဒနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာ ကို စတင် သင်ယူခဲ့သည်။
ကျမ်းစာများ ရေးသားပြုစုခဲ့သည်။ အင်္ဂလိပ် မြန်မာနှစ်ဘာသာ ဖြင့် ကျမ်းစာများ ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ပထမအကြိမ် သံဃာ့အဖွဲ့အစည်းများဖွဲ့စည်းရာ၌ စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နောင်တွင် စစ်ကိုင်းမြို့ စာဖြေဌာန ဓမ္မာစရိယစာမေးပွဲ အကျိုးဆောင်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် (ရွှေကျင်)၊ ပထမပြန်စာမေးပွဲ ပြဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်၊ နိကာယ်စာမေးပွဲ စည်းမျဉ်းစည်းကမ်း ရေးဆွဲရေးအဖွဲ့ဝင် နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ အမှတ် (၁/၉၈) ၏ ဝိနည်းဓိုရ်၊ စစ်ကိုင်းတိုင်း ပထမပြန်စာမေးပွဲ ကျင်းပရေးအဖွဲ့ ပုစ္ဆကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပါဝင်လျက် သာသနာရေးအဖွဲ့အစည်းများတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။
အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့၌နေထိုင်စဉ် အာသံနှင့် အရုဏချာပရာ ဒေ့ရှ် ရဟန်း သာမဏေ ကျောင်းသားငယ်တို့အား မြန်မာစာနှင့် အဘိဓမ္မာတို့ကို ပို့ချပေးခဲ့သည်။
သီရိလင်္ကာနိုင်ငံ ဘော်ရဲလာမြို့ YMBA အသင်း၌ အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချပေးခဲ့သည်။
University of Kelaniya မှ MA (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ် ဆီလ်ဗားစပရင်းမြို့ မင်္ဂလာရာမ ကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။
နိုင်ငံတော်က အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့ ကို ဆက်ကပ်ခဲ့သည်။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ကာ Department of Language Studies ၌ English Diploma တန်းနှင့် BA တန်းများ၌ ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း အမေရိက၊ ကိုရီယား၊ မက္ကစီကို၊ ဂျာမဏီ၊ နယ်သာလန် စသောနိုင်ငံများသို့ ကြွရောက်၍ အဆိုပါ နိုင်ငံများရှိ သင်တန်းသူ သင်တန်းသားတို့အား ပါဠိဘာသာ၊အဘိဓမ္မာဘာသာရပ်များကိုလည်းကောင်း သင်ကြား ပို့ချပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဘောလက်တီမိုးမြို့ ကေလာသဝိဟာရ ကျောင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာသင်တန်း ပို့ချပေးခဲ့သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ပြည်တွင်းပြည်ပမှ တက္ကသိုလ်ကျောင်းသူ/ကျောင်းသား များအား အဘိဓမ္မာဘာသာရပ်ကို ပို့ချပေးခဲ့သည်။
နိုင်ငံတော်က ဆက်ကပ်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ရရှိခဲ့သည်။
အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ A Study of Jainism According to Buddhist Literature ကျမ်းဖြင့် Ph.D ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ ထိုနှစ်မှစ၍ ဂျာမနီ၊ နယ်သာလန်၊ ဩစတီးယား၊ အင်္ဂလန်၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများသို့ နှစ်စဉ် မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားကြားပို့ချပေးသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၁၃၈၁ ခုနှစ် ၂၀၁၉ ခုနှစ်ထိ ဖြစ်သည်။
ဝါဆိုလတွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ သာသနဝံသ ဆရာတော်ကြီး ပျံလွန်တော်မူ၍ မဟာသုဗောဓာရုံ သာသနဝံသ ဂဏာဓိပတိ မဟာနာယကအဖြစ် ဆောင်ရွက်တော်မူသည်။ ထိုနှစ်တွင် -
(၁) စစ်ကိုင်းမြို့တွင် တိုက်ခွဲ (၁) Center for Buddhist Studies (CBS)
(၂) သန်လျင်မြို့ အမှုထမ်းရပ်ကွက်ရှိ တိုက်ခွဲ(၂) ဓမ္မဝိဇ္ဇာလရ သုဗောဓာရုံကျောင်း တိုက်နှင့်
(၃) မုံရွာမြို့ နန္ဒဝန်ရပ်၌ တိုက်ခွဲ(၃) သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တို့ကို တည်ထောင်ဖွင့်လှစ်ပေးတော်
မူသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ (၃၃) မိုင် (၂) ဖာလုံ အောင်ချမ်းသာရွာ၌ တိုက်ခွဲ (၄) ဓမ္မသဟာယသာသနစင်တာ Institute of Dhamma Education (IDE/PyinOoLwin) ကို တည်ထောင်တော်မူသည်။
ဇာတိဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရက္ကန်း စင်တောင်ဒေသတွင် နယ်သူနယ်သားများ ကျန်းမာရေးနှင့် ပညာရေးတိုးတက်ရန် ရည်မှန်း၍ ဒယာနန္ဒဖောင်ဒေးရှင်းကို တည်ထောင်တော်မူသည်။
ဇန်နဝါရီ (၁၆)ရက်နေ့တွင် မေတ္တာနန္ဒအမည်ရှိ (၁၆)ကုတင်ဆန့် တိုက် နယ် ဆေးရုံကို အစိုးရအဖွဲ့အား ဆောက်လုပ်လှူဒါန်းသည့်အပြင် တိုက်ခွဲ (၆) သစ္စာနန္ဒဓမ္မစင်တာ ကိုလည်း တည်ထောင် ဖွင့်လှစ်ပေးတော်မူခဲ့သည်။ ၁၃၇၇ ခုနှစ် ၂ဝ၁၆ ခုနှစ် မတ်လတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၇) မိုင် (၆) ဖာလုံ ငါးဆူတောင် ဒေသ လှည်းကူးမြို့နယ်တွင် တိုက်ခွဲ(၅) ဓမ္မဝိနယစင်တာ Institute of Dhamma Education (IDE/ Yangon) ကို တည်ထောင်တော်မူသည်။
မတ်လတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၇) မိုင် (၆) ဖာလုံ ငါးဆူတောင် ဒေသ လှည်းကူးမြို့နယ်တွင် တိုက်ခွဲ(၅) ဓမ္မဝိနယစင်တာ Institute of Dhamma Education (IDE/ Yangon) ကို တည်ထောင်တော်မူသည်။
ပြင်ဦးလွင် ပွေးတောင် တိုက်ခွဲ (၇) ဓမ္မဝိဟာရကျောင်းတိုက်။
နေပြည်တော် ဥတ္တရသီရိမြို့ တိုက်ခွဲ (၈) ဝဇိရာနန္ဒဓမ္မစင်တာ။
အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ် ဘက်သလေဟန်းမြို့တွင် တိုက်ခွဲ(၁ဝ) သစ္စာနန္ဒဓမ္မစင်တာကို တည်ထောင်တော်မူသည်။
ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက အဖြစ် တင်မြှောက်ခံရသည်။
နိုင်ငံတော်က အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့ နှင့် ရန်ကုန်မြို့ စေတိယင်္ဂဏအသင်းကြီးက စေတိယင်္ဂဏပရသိရီ မဟာဓမ္မဂုရုဘွဲ့ တို့ကို ဆက်ကပ်ခြင်းခံရသည်။
နိုင်ငံတော်က အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ကို ဆက်ကပ်ခဲ့သည်။
ပြင်ဦးလွင် စိုးမိုးအိုင်တွင် တိုက်ခွဲ (၉) မဇ္ဈိမပဋိပဒါဓမ္မစင်တာကို တည်ထောင်လျက်ရှိသည်။
(IDE) PyinOoLwin ၌ ရဟန်းသာမဏေ သီလရှင်ဆရာလေးများအား ပထမငယ်တန်းပထမလတ်တန်း၊ ပထမကြီးတန်း ဓမ္မာစရိယအတန်းများအတွက် စာပေများပို့ချ ပေးနေပါသည်။ နှစ်စဉ် ဝါတွင်းဝါပ ကာလများတွင် လူပုဂ္ဂိုလ်တို့အား အဘိဓမ္မာသင်တန်း ဝိသုဒ္ဓိမဂ်သင်တန်း၊ ပိဋကတ် .. စာပေလေ့လာနည်းများကိုလည်း သင်ကြားပို့ချပေးလျက်ရှိပြီး နိုင်ငံခြားသားများကိုလည်း အင်္ဂလိပ်ဘာသာဖြင့် နှစ်စဉ် သင်ကြားပေးလျက်ရှိပါသည်။
(IDE) Yangon တွင်လည်း ရဟန်းသံဃာများအား အင်္ဂလိပ်စာသင်တန်းများဖွင့် လှစ်ပေးခဲ့ပြီး နိုင်ငံခြားသား သင်တန်းသားများအား ဓမ္မစာပေသင်တန်းများကို ပို့ချပေးခဲ့သည်။ ယခုအခါ ပြင်ဦးလွင်မြို့ အောင်ချမ်းသာရွာ ဓမ္မသဟာယသာသနစင်တာ၌ ဓမ္မသင်တန်းများ ပို့ချ တော်မူခြင်း ဓမ္မဒေသနာများ ဟောကြားတော်မူခြင်း၊ အနယ်နယ် အရပ်ရပ်မှ မေးမြန်းလာသော ဓမ္မပုစ္ဆာများကို ဖြေကြားတော်မူခြင်းတို့ဖြင့် ကျန်းမာချမ်းသာစွာ သာသနာပြု သီတင်းသုံးတော်မူလျက်ရှိသည်။