လှုပ်ရှားမှု ပုံရိပ်များ
ဝါတွင်းကာလအဖိတ်နေ့ညချမ်းချိန်ခါသမယတွင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ ဆုံးမဩဝါဒကထာများ မိန့်ကြား ချီးမြှင့်ခြင်း
10-8-2022 ဗုဒ္ဓဟူးနေ့
ဝါတွင်းကာလအဖိတ်နေ့ညချမ်းချိန်ခါသမယတွင်
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး က တပည့်သံဃာပရိသတ်တို့အား ဆုံးမဩဝါဒကထာများ မိန့်ကြား ချီးမြှင့်တော်မူပါသည်။
မနောပုဗ္ဗင်္ဂမာ ဓမ္မာ ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန ၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ ၊ ဆာယာဝ အနပါယိနီ။
ဓမ္မပဒအဋ္ဌကထာလာ ဒုတိယမြောက်ဂါထာကို အခြေခံ၍
စိတ်ကြည်လင်ဖို့ လိုအပ်ကြောင်း
ပြု ပြော လုပ်ကိုင်မှုမှန်သမျှ ကြည်လင်သောစိတ်ဖြင့်သာ ပြု ပြော လုပ်ကိုင်ရန် လိုအပ်ကြောင်း
စိတ်သည် စေတသိက်တရားများအတွက်သာ ရှေ့သွားဖြစ်သည်မဟုတ်၊ စိတ္တဇရုပ်များအတွက်လည်း ရှေ့သွားပင် ဖြစ်ကြောင်း
ဘုရားဝတ်ပြု စာအံ စာကျက် စသော ဝေယျာဝစ္စစာရိတ္တသီလများကိုလည်း ကြည်လင်သောစိတ်ဖြင့် မပျက်ကွက်အောင် စောင့်သုံးနေထိုင်ရန်လိုအပ်ကြောင်းများကို မိန့်ကြားတော်မူပါသည်။
ဤဂါထာနှင့်စပ်၍ သဒ္ဒါအခြေခံများကို ဦးစားပေး မိန့်ကြားပေးတော်မူပါသည်။
ဆရာတော်ဘုရားကြီးသည် ဤထက်မက ကျန်းမာချမ်းသာစွာဖြင့် ဆက်လက်ကာ သာသနာပြုတော်မူနိုင်ပါစေဘုရား…
ဓမ္မသဟာယတပည့်များ