လှုပ်ရှားမှု ပုံရိပ်များ
အပတ်စဉ်ဩဝါဒကထာ ဓမ္မပဒဒေသနာ
ပါမောက္ခချုပ်ဆရာတော်ကြီး က တပည့်သံဃာပရိသတ်တို့အား အပတ်စဉ်အဖိတ်နေ့တိုင်းတွင် ဓမ္မပဒအဋ္ဌကထာလာ ဝတ္ထုအကြောင်းအရာနှင့် ဂါထာလာအဓိပ္ပါယ်များကို ရှင်းလင်းမိန့်ကြား ဩဝါဒပေးတော်မူပါသည်။
▪️ အက္ကောစ္ဆိ မံ အဝဓိ မံ ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ ၊ ဝေရံ တေသံ န သမ္မတိ။
▪️ ယေ စ တံ နုပနယှန္တိ ၊ ဝေရံ တေသူပသမ္မတိ။
(တိႆေတၳရဝတၳဳ – ဓမၼပဒ )
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ ဤသူဟာ-
▪️ ငါ့ကိုဆဲရေးဖူးတယ်
▪️ ငါ့ကို ရိုက်ပုတ်ညှင်းဆဲဖူးတယ်
▪️ ငါ့အပေါ် အနိုင်ကျင့်ဖူးတယ်
▪️ ငါ့ပစ္စည်းဥစ္စာကို ပျက်စီးဆုံးရှုံးအောင် ဖျက်ဆီးဖူးတယ် စသဖြင့် ဒီအတွေးတွေ ရင်ထဲရှိနေသမျှ ၎င်းတို့နှစ်ဦးရဲ့ ရန်ငြှိုးရန်စဟာ ငြိမ်းအေးနိုင်မှာ မဟုတ်ကြောင်း..
၎င်းအတွေးများ ရင်ထဲရှိမနေပါမှ ရန်ငြှိုးရန်စများ ငြိမ်းအေးနိုင်မှာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓဟောကြားသည့် ဂါထာတော်အဓိပ္ပါယ်အတိုင်း မိန့်ကြားတော်မူပါသည်။
ရန်ငြှိုးဖွဲ့မှုမဖြစ်စေရန်အတွက်
▪️ မေတ္တာစိတ်ဖြင့် နေခြင်း
▪️ လျစ်လျူရှု ဥပေက္ခာဖြင့်နေခြင်း
▪️ ထိုအကြောင်းရာကိုတွေးတောမှုမပြုဘဲ မေ့လျော့ထားခြင်းဖြင့် အနိုင်ယူပါ၊
ထိုကဲ့သို့ မဟုတ်လျှင် အပြောလည်းခံရ ရန်လည်းမငြိမ်း စိတ်လည်းပင်ပန်းဆင်းရဲပြီး အရှုံးသမားကြီးဖြစ်ကာ သံသရာအထိ နစ်နာနိုင်ကြောင်းကို မိန့်ကြားတော်မူပါသည်။
ဤဝတ္ထုဖြစ်ပုံအကျဉ်းမှာ
မြတ်ဗုဒ္ဓ၏ဖခင် ခမည်းတော်သုဒ္ဓေါဓနမင်း၏ နှမတော်မှ မွေးဖွားသည့် တိဿမင်းသား ရဟန်းပြုလာသောအခါ..
ကျောင်းတိုက်အလည်၌နေစဉ် အာဂန္တုကရဟန်းများ ကြွရောက်လာသော်လည်း ကျင့်ဝတ်မကျေသည့်အပြင် မိမိက ဝါငယ်ပါလျက် ထေရ်ကြီးများ၏ ရှိခိုးမှုကို ခံယူခဲ့၏၊
ဝါမရသေးသော ရဟန်းငယ်၏အဖြစ်ကို သိရှိသောရဟန်းများက ကဲ့ရဲ့ပြစ်တင်မှုပြုကြသောကြောင့်..
သာကီဝင်မင်းသားလည်းဖြစ်
ဘုရားနှင့် ညီကိုဝမ်းကွဲတော်စပ်သူလည်းဖြစ်
ခြင်းကြောင့် မာနထောင်လွှားကာ အပြောဆိုမခံ ပြောလာသောရဟန်းများအပေါ် ရန်ငြှိုးရန်စဖွဲ့လေ၏။
သို့အတွက်ကြောင့် မြတ်ဗုဒ္ဓက အထက်ပါဂါထာဖြင့် ဆုံးမတော်မူခြင်းဖြစ်လေသည်။
ဓမ္မသဟာယတပည့်များ
18-8-2022
ကြာသပတေးနေ့
Photo- Yehtet Act