လှုပ်ရှားမှု ပုံရိပ်များ
အဖိတ်နေ့ညချမ်းကာလတွင် ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးက ZOOM အစီစဉ်ဖြင့် ဆုံးမဩဝါဒများ မိန့်ကြား
မဟာသုဗောဓာရုံသာသနာ့အင်အားစုများဖြစ်သည့် စာသင်တိုက်ကြီးများရှိ တပည့်သံဃာများအား အဖိတ်နေ့ညချမ်းကာလတွင် ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီးက ZOOM အစီစဉ်ဖြင့် ဆုံးမဩဝါဒများ မိန့်ကြားတော်မူပါသည်။
၁၃၈၄-ခု တော်သလင်းလဆန်း(၇)ရက်
1 – 9 – 2022 (ကြာသပတေးနေ့)
☸️ ဩဝါဒအကျဉ်းချုပ် ☸️
▪️ ကျေးဇူးတော်ရှင် မဟာသုဗောဓာရုံကျောင်းတိုက် အာရာမသမုဋ္ဌာပကဆရာတော်ကြီး၏ ဆုံးမလမ်းညွှန်မှုအတိုင်း လိုက်နာကျင့်သုံးနေကြတာဖြစ်လို့ ယခုလို ကျောင်းတိုက်ခွဲများ စည်းစည်းလုံးလုံး တည်ရှိနေကြတာဖြစ်ကြောင်း..
▪️ ကျောင်းတိုက်အဆောက်အဦး ပြည့်စုံနေတာဟာ တကယ့်တိုးတက်မှုမဟုတ်၊ ကိုယ်ကျင့်သီလနဲ့ ပညာအရည်ချင်း တိုးတက်ခြင်းကသာ တကယ်တိုးတက်မှုဟု ဆိုရမည်ဖြစ်ကြောင်း..
▪️ မြတ်ဗုဒ္ဓဟောကြားသည့် သုဂတဝိနယသုတ္တန် လာ အချက်များကို အလေးနက်ထား လိုက်နာရန် လိုအပ်ကြောင်း…
၎င်းသုတ္တန်မှာ ယနေ့ခေတ် စာသင်တိုက်များကို ဦးစားပေးဆုံးမထားသည်ဟုပင် ဆိုနိုင်ကြောင်း…
နိဂုံးချုပ်အားဖြင့် …
ကြီးကုန်ကြီးကုန်သော ဆရာသမားများ၏ ဆုံးမလမ်းညွှန်မှုများ, မြတ်ဗုဒ္ဓ၏ သုဂတဝိနယသုတ်လာ အချက်များ လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့တိုက်တာ တပည့်သံဃာများ စည်းလုံးညီညွတ်တိုးတက်ကြရန်, သာသနာ အရှည်တည်တံ့ရန် ကြိုးစားလိုက်နာကြရေး တိုက်တွန်းကာ နိဂုံးချုပ်တော်မူပါသည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
သုဂတဝိနယသုတ်လာ (ဤဩဝါဒ၌ သိစေလိုရင်း) အချက်များမှာ
၁။ ပါဠိတော်လာ ပုဒ်ပါဌ်အက္ခရာများကို မှန်မှန်ကန်ကန် သင်ယူတတ်မြောက်ထားရမည်။
၂။ စာသင်သားများ အနေဖြင့် ကျောင်းတိုက်အကြီးအကဲ နာယက တိုက်အုပ် တိုက်ကြပ် စာချများ၏ ဆုံးမမှုမှန်သမျှကို လိုက်နာနိုင်သူ ဆုံးမရလွယ်ကူသူဖြစ်ရမည်။
၃။ အကြီးအကဲဖြစ်သူတို့အနေဖြင့် တတ်မြောက်သင့်သည့် စာပေကျမ်းဂန်များကို တတ်မြောက်ထားရှိရန်နှင့် ဗဟုဿုတတိုးပွားအောင် ဆက်လက်ကြိုးစားနေရမည်။
၄။ လာဘ်လာဘပေါများမှုနောက် မလိုက်ဘဲ ဓမ္မလမ်းကြောင်း၌ရပ်တည်ကာ ကြိုးစားအားထုတ်ကြရမည်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ဆုံးမဩဝါဒ နာယူကြည်ညိုကြသည့် ကျောင်းတိုက်များ
၁။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်
၂။ မတ္တရာမြို့ သာသနဇောတာရုံကျောင်းတိုက်
၃။ ပြင်ဦးလွင်မြို့ ဓမ္မသဟာယသာသနစင်တာ
၄။ ပြင်ဦးလွင်မြို့ မဇ္ဈိမပဋိပဒါဓမ္မစင်တာ
၅။ ပြင်ဦးလွင်မြို့ ဓမ္မဝိဟာရသုဗောဓာရုံ
၆။ လှည်းကူးမြို့ ဓမ္မဝိနယစင်တာ
၇။ နေပြည်တော် ဝဇိရာနန္ဒဓမ္မစင်တာ
၈။ သန်လျင်မြို့ ဓမ္မဝိဇ္ဇာလယသုဗောဓာရုံ
၉။ မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓာရုံ
(ဓမ္မသဘင်အဖွဲ့)
Credit ဓမ္မသဟာယသာသနစင်တာ ပြင်ဦးလွင်
တိုက်အုပ်ဆရာတော် အရှင်ဝီရိယ