လှုပ်ရှားမှု ပုံရိပ်များ
စဉ့်ကူး-မတ္တရာ (၂) မြို့နယ် သစ္စာနန္ဒဓမ္မစင်တာ အတွင်းကျင်းပပြုလုပ်ခဲ့သည့် ဝိပဿနာ (၇)ရက် တရားစခန်း ပိတ်ပွဲ တွင် ဆရာတော်ဘုရားကြီးမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များဟောကြားချီးမြှင့်
စဉ့်ကူး-မတ္တရာ (၂) မြို့နယ် ယက္ကန်းစင်တောင် ဒေသရှိ သစ္စာနန္ဒဓမ္မစင်တာ အတွင်းကျင်းပပြုလုပ်ခဲ့သည့် ဝိပဿနာ (၇)ရက် တရားစခန်း ပိတ်ပွဲ (၁၂/၁၀/၂၀၂၂) ရက်နေ့ တွင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးမှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်
ကျေးဇူးတော်ရှင် ပါချုပ်ဆရာတော် ဘုရားကြီး၏ ဩဝါဒကိုခံယူလျက် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး တည်ထောင်ထားတော်မူသော စဉ့်ကူး-မတ္တရာနှစ်မြို့နယ် ယက္ကန်းစင်တောင်ဒေသ သစ္စာနန္ဒဓမ္မစင်တာအတွင်း (၁၃၈၄)ခု သီတင်းကျွတ်လဆန်း(၁၁)ရက်မှ သီတင်းကျွတ်လပြည့်ကျော်(၂)ရက် (5.10.22 မှ 11.10.22) နေ့အထိ ပြုလုပ်ခဲ့သည့် (၇) ရက် ဝိပဿနာ တရားစခန်း တွင် ပါချုပ်ဆရာတော်ဘုရားကြီး မှတရားတော်များ ဟောကြားချီမြှင့်ပေးသည့် မှတ်တမ်းဓာတ်ပုံများ အားဖေါ်ပြအပ်ပါသည်။ (၇)ရက်တာ တရားစခန်း အတွင်း ဝိပဿနာတရား ရှူမှတ်သူများ ကုသိုလ်ယူ လှူဒါန်းလိုသူ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေ အပေါင်းတို့က ပါဝင် ကျင့်ကြံအားထုတ် ခဲ့ကြသည်။
(ဓမ္မသဘင်အဖွဲ့)