လှုပ်ရှားမှု ပုံရိပ်များ
ပါမောက္ခချုပ် ဆရာတော်ကြီး က မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁၂၀၀-ရာကျော်တို့အား အဖိတ်နေ့ ၁/၁”/၂၀၂၂ ညချမ်းကာလတွင် ဆုံးမဩဝါဒမှကောက်နှုတ်ချက်
ဗမာပြည်မှာ နတ်မင်းကြီး ၄-ပါးကို ရုပ်တုထုတာတွေက လွဲမှား နေကြတယ်။ ဗဟုဿုတအဖြစ် မှတ်ထားကြ။ အရှေ့အရပ်မှာ ဓတရဋ္ဌနတ်မင်း အုပ်စိုးတယ်၊ဂန္ဓဗ္ဗနတ်ကို အစိုးရတယ်။ ဂန္ဓဗ္ဗတွေက ပဉ္စသီခတို့လို စောင်းတွေနဲ့ သီချင်းဆိုတဲ့ နတ်တွေပေါ့။
ဒီအာဋာနာဋိယသုတ်မှာ ဘူတ လို့ ပြင်ထားတယ်၊ ဘာလို့ပြင်လဲဆို ဂန္ဓဗ္ဗလို့ ရေးရင် စာလုံးရေ တစ်လုံးပိုသွားတယ်၊ ဂါထာဆန်း မကိုက်တော့ဘူး၊ ဒါကြောင့် ဘူတ လို့ သုံးတယ်။
ဒါကို စင်္ကာပူက တရုတ်ကလေးက ကြံကြံဖန်ဖန် လှမ်းမေးတယ်၊ “ဆရာတော် အဲဒါကို ဘာလို့ ဘူတ လို့ သုံးတာလဲ”တဲ့။
တောင်ဘက်အရပ်ကျ ဝိရူဠကနတ်မင်းက ကုမ္ဘဏ္ဍ ကို အစိုးရတယ်၊ ကုမ္ဘဏ္ဍဆိုတာ အရုပ်အဆိုးဆုံး၊ ကုမ္ဘဆိုတာ အိုးစရည်းကြီး၊ အဏ္ဍဆိုတာ လိင်ဥကို ပြောတာ။ သူတို့က အဲဒါတွေ ကြီးတယ်တဲ့၊ အရုပ်ကလည်း ဆိုးသတဲ့၊ မျက်လုံးကလည်း ပြူးတယ်၊ ဗိုက်ကလည်း ဖောင်းတယ်၊ အဲဒါကို ကုမ္ဘန် လို့ ခေါ်တာ၊ ဘီလူးတစ်မျိုးပဲ။
အနောက်အရပ်က ဝိရူပက္ခနတ်မင်းကြီးက နဂါးတွေကို အစိုးရတယ်။
မြောက်အရပ်က ဝေဿာဝဏခေါ်တဲ့ ကုဝေရနတ်မင်းကြီးက ဘီလူးတွေကို အစိုးရတယ်။
အဲဒီနတ်မင်းကြီးလေးပါးကို ရုပ်တုထုတဲ့အခါမှာ တချို့တွေထုတဲ့ခါ ဂဠုန်ပါနေတယ်၊ နတ်မင်းကြီးလေးပါထဲမှာ ဂဠုန်ကို အုပ်စိုးတာ မပါဘူးလို့ မှတ်ထားရမယ်။
ဗမာပြည်က ရုပ်တုထုကြတဲ့ခါ နဂါးတွေကို အစိုးရတဲ့နတ်ကို နဂါးကို ခေါင်းတပ်ထားပြီး ထုကြတယ်၊ အဲဒါ နဂါးမင်းပေါ့။
ဝိရူဠကကို ဂဠုနါတွေကို အစိုးရတယ်ထင်ပြီး ဂဠုန်ရုပ်နဲ့ ထုကြတယ်၊ အမှန်ကတော့ ကုမ္ဘဏ္ဍ ပဲ။
အဲဒီလို နတ်မင်းကြီး လေးပါရဲ့ ရုပ်တုကို ထုကြတဲ့အခါ မှားမှားယွင်းယွင်းတွေ ထုကြတယ်၊ ဒါကြောင့်မို့ ယက္ကန်းစင်တောင်မှာ တည်ထားတဲ့ မဟာဘဒ္ဒမုနိစေတီတော်ရင်ပြင်မှာ နတ်မင်းကြီးလေးပါးရဲ့ ပုံစံကို စာနဲ့အညီ ပြောင်းပြီး လုပ်ပြပေးထားတယ်။
သူတို့က အစိုးရတာ အုပ်ချုပ်တာဆိုတော့ သူတို့ခေါင်းပေါ်မှာ ပုံစံတင်ထားတာမျိုးမဟုတ်ဘဲဘူး။
အဲဒီမှာ
ပုရတ္ထိမသ္မိံ ဒိသာဘာဂေ ၊ သန္တိ ဂန္ဓဗ္ဗာ မဟိဒ္ဓိကာ လို့ မသုံးဘဲ ဘူတာ လို့ သုံးရတာ ဒီအဓိပ္ပါယ်ပဲ၊ နောက်ပိုင်းကျ ဒေဝါ လို့ သုံးတယ်။
ဘူတ ဒေဝ ဒီပါဠိတွေက အားလုံးကို ချုံငုံပြီးပြောတာလို့ ဒီလိုမှတ်သင့်တယ်။
ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိဝ အန္တလိက္ခေ။
ဘုမ္မာနိ
ဘုမ္မာနိဆိုတာ သူတို့ဗိမာန်တွေက မြေကြီးနဲ့ ဆက်စပ်ပြီး တည်ရှိနေတာ၊ ဥပမာ- တာဝတိံသာဆိုတဲ့ သိကြားမင်းနေတဲ့ မြင့်မိုရ်တောင်ထိပ်ဆိုတာ ဘုမ္မာ ပဲ၊ မြေကြီးနဲ့ ဆက်စပ်နေတယ်။
အာကာသဋ္ဌလည်း ရှိတယ်၊ ဘုမ္မဋ္ဌလည်း ရှိတယ်။
အန္တလိက္ခေ
အန္တ+လိက္ခေ လို့ မဖတ်ဘဲ အန္တလိတ်-ခေ လို့ ဖတ်တာ ပိုပြီးအဆင်ပြေတယ်၊ ဘာလို့လဲဆို ပုဒ်ခွဲတဲ့ခါ အန္တရ + ဣက္ခ ခွဲရမယ်၊ ကောင်းကင်ကိုဟောတဲ့ စကားလုံးတစ်ခု၊ ရကို လအဖြစ်ပြောင်းထားတာ၊ မဟာသာရော ကနေ မဟာသာလော ဖြစ်သလိုပေါ့။
ဆိုလိုတာက မြေကြီးနဲ့ဆက်စပ်တဲ့ ဘုံဗိမာန်မှာနေတဲ့ ဘုမ္မစိုးနတ်တွေပဲ ဖြစ်စေ..
ကောင်းကင်ယံမှာနေတဲ့ နတ်တွေပဲ ဖြစ်စေ..
စုဝေးရောက်ရှိလာတဲ့ နတ်တွေအားလုံးဟာ …
သဗ္ဗေဝ ဘူတာ သုမနာ ဘဝန်တု
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ…
မေတ္တာပို့လိုက်တဲ့ သဘောပေါ့။
သစ္စာနန္ဒဓမ္မစင်တာ
ရက္ကန်းစင်တောင်ဒေသ
စဉ့်ကူး-မတ္တရာ (၂)မြို့နယ်
မန္တလေးတိုင်းဒေသကြီး
ပါမောက္ခချုပ် ဆရာတော်ကြီး က မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးနှင့် တိုက်ခွဲအသီးသီးရှိ တပည့်သံဃာ ၁၂၀၀-ရာကျော်တို့အား အဖိတ်နေ့ ၁/၁”/၂၀၂၂ ညချမ်းကာလတွင် ဆုံးမဩဝါဒမှကောက်နှုတ်ချက်
ဩဝါဒ အစမှအဆုံးအထိ ဆက်လက်လေ့လာရန် https://www.drnandamalabhivamsa.com.mm/activities/activity5/
ဓာတ်ပုံ အရှင်ဝီရိယ
သစ္စာနန္ဒဓမ္မစင်တာ ပုံများ ကိုကျော်ဇောလေး