လှုပ်ရှားမှု ပုံရိပ်များ
Institute of Dhamma Education (IDE) ဓမ္မပညာသင်တန်း များ ဖွင့်လှစ်သင်ကြားပေးခြင်း အစီအစဉ်
ပါမောက္ခချုပ်ဆရာတော်ဘုရား တည်ထောင်ထားရှိသည့် Institute of Dhamma Education (IDE) ဓမ္မပညာသင်တန်း များ ဖွင့်လှစ်သင်ကြားပေးခြင်း အစီအစဉ်များ အနေဖြင့် နှစ်ပေါင်းများစွာ သင်ကြားပို့ချလျှက် ရှိရာ ယခု အခါ ၂၀၂၂ ခုနှစ်မှ စ၍ Online မှတဆင့် အင်္ဂလိပ်ဘာသာ စကားဖြင့် ဓမ္မသင်တန်းပို့ချမှု အစီအစဉ်အနေဖြင့် သင်ကြားပေးခြင်းအစီအစဉ်သည် (၃၉) ကြိမ် အထိ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ သင်တန်းသို့ ဉရောပတိုက် အနောက်မြောက်ဒေသ The Netherlands (နယ်သာလန်) နိုင်ငံ အပါအဝင် နိုင်ငံစုံတို့မှ ဗုဒ္ဓတရားတော်များကို ဆည်းပူးလေ့လာသင်ယူလိုသည့် နိုင်ငံခြား သား/သူ များတက်ရောက်သင်ယူလျှက်ရှိသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ မှ စတင်၍ အပတ်စဉ် နီးပါး Institute of Dhamma Education Program ဓမ္မသင်တန်းများအဖြစ် ဝိပဿနာ တရားရှူမှတ်အားထုတ် ခြင်း ဆိုင်ရာ တရား ဒေသနာ များကို ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရားကြီး မှ အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပို့ချလျှက်ရှိရာ ၂၄ ရက် စက်တင်ဘာလတွင် (၃၉) ကြိမ်မြောက်အထိရောက်ရှိသည်။
စက်တင်ဘာ လ တွင် သင်ကြားပို့ချနေသည့် English Vipassana Lecture session by Most Venerable Ashin Dr. Nandamalabhivamsa မှတ်တမ်းဓာတ်ပုံများအားဖေါ်ပြအပ်ပါသည်။
(ဓမ္မသဘင်အဖွဲ့)
ဓာတ်ပုံ ကိုရဲထက်အောင် (Australia)
၂၄/၀၉/၂၀၂၃