လှုပ်ရှားမှု ပုံရိပ်များ
ပညာဘူမိတက္ကသိုလ် သုတဓမ္မ Level (၃) အောင်မြင်သူများအတွက် သုတဓမ္မဂဝေသီ (BA) တန်း၌ ဖြေဆိုရမည့် ပြဌာန်း ဘာသာရပ်များ
ပညာဘူမိတက္ကသိုလ် သုတဓမ္မ Level (၃) အောင်မြင်သူများအတွက် သုတဓမ္မဂဝေသီ (BA) တန်း၌ ဖြေဆိုရမည့် ပြဌာန်း ဘာသာရပ်များ ကို ၁/၁/၂၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာအပ်သည်။
ပညာသင်နှစ် ၂၀၂၄ မှ အစပြုသည်။
(၁) သုတဓမ္မဂဝေသီ part (1)
မိလိန္ဒပဥှာ
(၂) သုတဓမ္မဂဝေသီ part (2)
ပါရာယနဒေသနာ
(၃) သုတဓမ္မဂဝေသီ part (3)
ဗောဓိပက္ခိယတရားကိုလေ့လာသုံးသပ်ခြင်း နှင့် သုတဓမ္မ Project Paper စာတမ်း
(၄) Part 1 ကို ပထမ ၆-လ၊ Part 2 ကို ဒုတိယ ၆-လ၊ Part 3 ကို တတိယ ၆-လ တို့တွင် အသီးသီး ဖြေဆိုရမည်။ သုတဓမ္မ Project Paper စာတမ်း (A4 size paper စာမျက်နှာ ၂ မျက်နှာ မှ ၃ မျက်နှာအထိ)ကို Part 3 စာမေးပွဲ မဖြေဆိုမှီ တင်သွင်းရမည်ဖြစ်ပြီး စာတမ်းသည် အောင်မှတ်ပေးရာတွင် ပါဝင်မည်။
(၅) သတ်မှတ်ပြဌာန်းချက်အတိုင်း Part-1, 2, 3 တစ်ခု အောင်ပြီးမှသာ နောက်တစ်ခု ဖြေရမည်။
(၆) မအောင်ပါက ထပ်မံဖြေဆိုနိုင်သည်။
(၇) ပြည့်စုံစွာ ဆောင်ရွက်ပြီးသော Candidate များအား သုတဓမ္မဂဝေသီ BA ဘွဲ့ကို အပ်နှင်းမည်။
သဘာပတိဆရာတော်
ပညာဘူမိတက္ကသိုလ်
နှစ်ဆန်း(၁)ရက် ၂၀၂၄ ခုနှစ်။