လှုပ်ရှားမှု ပုံရိပ်များ
ဆရာတော်ဘုရားကြီးမှ မွေးနေ့ လှူဒါန်းမှု အဖြစ် စာအုပ်ရေ (၁၀၀) ကို ပင့်သံဃာတော် (၁၀၀) အား လှူဒါန်း
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့ အတွက် ဗုဒ္ဓမြတ်စွာဘုရား ကြိုးပမ်းတော်မူခဲ့ပုံ ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ (၈၂) ည တိုင် တိုင် ဟောတော်မူခဲ့သော တရားတော်ကြီးဖြစ်သည့် လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် တရားဒေသနာများ (တတိယတွဲ) စာအုပ်အဖြစ် ဆရာတော်ဘုရားကြီး သက်တော် (၈၂) ပြည့်မွေးနေ့ ဝိဇာတ အခမ်းအနားတွင် လှူဒါန်းမှုပြုနိုင်ရန် အတွက် (အကြို)ထွက်ရှိ ခဲ့ပြီး ဆရာတော် ဘုရားကြီးမှ မွေးနေ့ လှူဒါန်းမှု အဖြစ် စာအုပ် ရေ (၁၀၀) ကို ပင့်သံဃာတော် (၁၀၀) အား လှူဒါန်းခဲ့သည်။
(ဓမ္မသဘင်အဖွဲ့)
🔹🔹🔹
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရား သက်တော် (၈၂) နှစ်ပြည့် ဝိဇာတ မွေးနေ့ ၁၆/၃/၂၀၂၂ ခုနှစ် အထိမ်းအမှတ်နှင့် အတူ လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံးတို့ အတွက် ဗုဒ္ဓမြတ်စွာ ၏ ကြိုးပမ်းတော်မူခဲ့ပုံ ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ ၈၂ ည တိုင် တိုင် ဟောတော်မူခဲ့သော တရားတော်ကြီးဖြစ်သည့် လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် တရားဒေသနာများ (တတိယတွဲ) စာအုပ်အဖြစ် ဆရာတော်ဘုရားကြီး မွေးနေ့ ဝိဇာတ အခမ်းအနားတွင် လှူဒါန်းမှုပြုနိုင်ရန် အတွက်သာ (အကြို)ထွက်ရှိသည်။
🔹🔹🔹
ဤကျမ်းစာကြီးသည် တတိယတွဲ စာအုပ်အဖြစ်ထွက်ရှိ လာခြင်းဖြစ်ပြီး စုစုပေါင်း တရားဒေသနာ အပိုင်း (၈၂) ပိုင်းမှ အပိုင်း (၄၁) မှ (၆၁) အထိ၊ စာမျက်နှာပေါင်း (၃၉၃) မျက်နှာပါဝင်သည်။ ဆရာတော်ဘုရားကြီးမှ မွေးနေ့ လှူဒါန်းမှု အဖြစ် စာအုပ် ရေ (၁၀၀) ကို ပင့်သံဃာတော် (၁၀၀) အား မွေးနေ့ဝိဇာ တအခမ်းအနားတွင်လှူဒါန်းခဲ့သည်။
(ဓမ္မသဘင်အဖွဲ့)
စာအုပ်စီစဉ်တည်းဖြတ်သူဇယမေဒနီ အရှင်နန္ဒိယ၏ တင်ပြချက်
🔹🔹🔹
ဤစာမူကြီးအား ၁၃၈၁ ခုနှစ် ဝါခေါင်လဆန်း စ တွင် စာအုပ်အလှူရှင် ကိုရဲ (ကိုရဲလွင်စိုး)နှင့် ကဗျာဆရာ မောင်ဉက္ကာကျော်တို့ ရောက်လာကြပြီး ဆရာတော်ဘုရားကြီး သက်တော် (၈၀) ပြည့် မွေးနေ့ ပူဇော်ပွဲ၌ စာအုပ်ရိုက်နှိပ် လှူဒါန်းလိုသဖြင့် လာရောက်ကြသည်မှစတင်ခဲ့ကြသည်။
ဤကျမ်းစာကြီးသည်ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည်မှ စ၍ ပရိနိဗ္ဗာန် စံသည့်တိုင်အောင် ၄၅ ဝါ ကာလအတွင်း ဗုဒ္ဓမြတ်စွာ ဖြစ်တော်စဉ်များ၊ လောကသားတို့ အတွက် ဆင်းရဲဒုက္ခခံ၍ ကယ်တင်ခဲ့ပုံများကို ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် တို့မှ ထုတ်နှုတ် ဟောကြားထားပေသည်။
ဤကျမ်းစာကြီး၏ ထူးခြားချက်မှာ ဗုဒ္ဓမြတ်စွာ အား အနန္တတန်ခိုးရှင်ကြီးအဖြစ်မဟုတ်ဘဲ မဟာလူသားကြီး မဟာကရုဏာရှင်ကြီး အဖြစ် သရုပ်ဖော်ဟောကြားထားခြင်းဖြစ်သည်။ အခြားသော ဗုဒ္ဓဝင်များနှင့်မတူဘဲ တစ်မူကွဲပြားသော ရှုထောင့်မှ မီးမောင်းထိုး သုံးသပ် ဟောကြားထားသဖြင့် “အမြင်သစ် မဟာဗုဒ္ဓဝင်” ဟုပင်ဆိုချင်ပါသည် ဟု စာအုပ်အဖွင့်တွင် တင်ပြပါရှိသည်။
ဤကျမ်းစာကြီးကို စီစဉ်တည်းဖြတ်ရာတွင် ဆရာတော်ကြီး ဟောကြားသော သုတ္တန်များမှာ လွန်စွာ များပြားလှသဖြင့် ပြည့်ပြည့်စုံစုံ ရှာဖွေ ကြည့်ရှုနိုင်ကြစေရန် ကိုလည်း ကျမ်းညွှန်းများကို စာမျက်နှာနှင့်တကွ ဖေါ်ပြပါရှိသည်။ မျက်မှောက်ခေတ် မန္တလေး ပန်းချီကျော် တို့၏ ဗုဒ္ဓဝင် ပန်းချီကားများကိုပါ ထည့်သွင်းရိုက်ထားနိုင်သဖြင့် စာရှုသူတို့ ရသစုံ ခံစားနိုင်ကြစေချင်သောကြောင့်ပင် ဖြစ်သည်ဟုလည်း အရှင်နန္ဒိယ က တင်ပြထားသည်။