ဆောင်းပါးများ
ပါမောက္ခချုပ်ဆရာတော်ဘုရား အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချထားရှိသည့် (Introduction to Nettipakarana) ဓမ္မပညာသင်တန်း ကို ဗီယက်နမ် ဘာသာစကားဖြင့် စတင်ထွက်ရှိမည်
ပါမောက္ခချုပ်ဆရာတော်ဘုရား အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချထားရှိသည့် (Introduction to Nettipakarana) ဓမ္မပညာသင်တန်း ကို ဗီယက်နမ် ဘာသာစကားဖြင့် ဓမ္မဒါန စာအုပ်အဖြစ်ထုတ်ဝေရန် ဗီယက်နမ် ယောဂီ သင်တန်းသားများမှ ဆရာတော်ဘုရားထံ ဩဝါဒခံယူ လျှောက်ထားခဲ့ပြီး ယခုအခါ ဗီယက်နမ်ဘာသာစကားဖြင့် စတင်ထွက်ရှိမည်။
မြတ်စွာဘုရား ဟောကြားခဲ့သည့် တရားဓမ္မများကို ရှင်းပြရန် နားလည်ရန် ချဉ်းကပ်လေ့လာရမည့် The Guide နှင့် Method များ ဖြစ်သဖြင့် လွန်စွာ ဖတ်ရှူလေ့လာစရာကောင်းလှသည်။ ဓမ္မပညာများအတွက်သာမက မည်သည့်ပညာရပ်များကိုမဆို စနစ်တကျ အသေးစိတ် လေ့လာ နိုင်ရေး ပညာရေး သုတေသန များပြုလုပ်ရာအတွက်ကိုပါ Apply ပြုလုပ်အသုံးပြုနိုင်စရာရှိသည်ဟု ဆရာတော်ဘုရားကြီးက မိန့်ကြားတော်မူသည်။
၂၀၁၈ ခုနှစ် မေလ တွင် ဆရာတော်ဘုရား၏ ၇၈ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အင်္ဂလိပ်ဘာသာဖြင့်ထွက်ရှိခဲ့သည့် စာအုပ်အားလေ့လာလိုပါက https://www.drnandamalabhivamsa.com.mm/…/2021/12/Netti.pdf
(အနုဂ္ဂဟအဖွဲ့)
၀၂/၀၉/၂၀၂၃